Powered By Blogger

Saturday, July 20, 2013

“နေ့စဉ်ပြောကြား အင်္ဂလိပ်စကား



 Photo

ယခုတစ်ပတ်တွင် လုပ်ငန်းကိစ္စများ ချိန်းဆိုခြင်း၊ ချိန်းဆိုမှုကို လက်ခံခြင်း၊ ချိန်းဆိုမှု ပယ်ဖျက်ခြင်း စသည့် စကားပြောပုံစံများကို ဆက်လက် ရေးသား လိုက်ပါသည်။ အင်္ဂလိပ်ဘာသာစကား ပြောဆိုရာတွင် ကိစ္စရပ် တစ်ခုခုအတွက် ချိန်းဆိုခြင်း၊ ချိန်းဆိုမှုကို ပယ်ဖျက်ခြင်းများသည် အရေးပါသော skill တစ်ခု ဖြစ်ပါသည်။
“Making an appointment (ချိန်းဆိုခြင်း)”
          ကိစ္စရပ်တစ်ခုကို ချိန်းဆိုရာတွင် ချိန်းဆိုခြင်း၊ ချိန်းဆိုမှုကို အကြောင်းပြန်ခြင်း၊ ပယ်ဖျက်ခြင်း စသည့် စကားပြောပုံစံများကို သိထားသင့်ပါသည်။
အောက်ဖော်ပြပါ နမူနာပုံစံများကို အသုံးပြုကာ ရှင်းရှင်းလင်းလင်း ဖြင့် ကျစ်ကျစ်လျစ်လျစ် လိုရင်းတိုရှင်း ပြောနိုင်ပါသည်။
တွေ့ဆုံရန်အတွက် မေးမြန်းလျှင်
Are you
ခင်ဗျား
available on... / next...?
နောက်တစ်ပတ် …… နေ့ အဆင်ပြေမလား
 
free on... / next...?
နောက်တစ်ပတ် …… နေ့ အားမလား
Can we
ကျွန်တော်တို့
meet on... / next ...?
နောက်တစ်ပတ် …… နေ့မှာ တွေ့နိုင်မလား
Would
next ... be ok?
နောက်တစ်ပတ် …… ဆိုရင် အဆင်ပြေမလား
What about
next ... ?
နောက် …… ဆိုရင်ကော(ရော)
Is
next ... ok?
နောက် …… ဆိုရင် အဆင်ပြေမလား
ဥပမာ -
-       Are you available on the 17th?
ခင်ဗျား ဇွန်လ (၁၇) ရက်နေ့မှာ ရမလား
-       Can we meet on the 16th?
ကျွန်တော်တို့ (၁၆) ရက်နေ့မှာ တွေ့နိုင်မလား
-       Are you free next week?
ခင်ဗျား နောက်တစ်ပတ် အားလား
-       Would Friday suit you?
သောကြာနေ့ဆို ခင်ဗျား အဆင်ပြေလား
-       Is next Tuesday convenient for you?
နောက်တစ်ပတ် အင်္ဂါနေ့မှာ ခင်ဗျား အဆင်ပြေလား
-       What about sometime next week?
နောက်တစ်ပတ် တစ်ချိန်ချိန် ဆိုရင်ကော(ရော)
“Responding to an appointment (ချိန်းဆိုမှုကို အကြောင်းပြန်ခြင်း)”
Yes,
ဟုတ်ကဲ့ပါ၊
... is fine
… က အဆင်ပြေပါတယ်။

.... would be fine.
…… ဆိုရင် အဆင်ပြေမှာပါ။
....
.... ဆိုရင်
suits me
ကျွန်တော့်အတွက် အဆင်ပြေပါတယ်။

would be perfect.
အကောင်းဆုံး ဖြစ်မှာပါ။
I'm afraid
အားတော့နာတယ်

I'm sorry
စိတ်မကောင်းပါဘူး
I can't on ....
… မှာ ကျွန်တော် အဆင်မပြေဘူး

I won't be able to... on ...
… မှာ ကျွန်တော် မ .... နိုင်လောက်ဘူး။
I really don't think I can
ကျွန်တော် တကယ် မထင်ဘူး
on ...
… နေ့မှာ လုပ်နိုင်မယ်လို့
ဥပမာ -
-       Yes, Monday is fine.
ဟုတ်ကဲ့ပါ၊ တနင်္လာနေ့ဆို ကောင်းပါတယ်။
-       Monday suits me.
တနင်္လာနေ့ဆို အဆင်ပြေပါတယ်။
-       Thursday would be perfect.
ကြာသပတေးနေ့ဆို ကောင်းပါတယ်။
-       I'm afraid I can't on the 3rd. What about the 6th?
အားတော့နာတယ်ဗျာ … (၃) ရက်နေ့ ကျွန်တော် အဆင်မပြေလို့ဗျ၊ (၆) ရက်နေ့ဆိုရင်ကော(ရော)
-       I'm sorry, I won't be able to make it on Monday. Could we meet on Tuesday?
စိတ်တော့မကောင်းဘူးဗျာ၊ တနင်္လာနေ့ ကျွန်တော် မလုပ်နိုင်လို့၊ အင်္ဂါနေ့မှ တွေ့ရအောင်။
-       I really don't think I can on the 17th. Can we meet up on the 19th?
(၁၇) ရက်နေ့ ဖြစ်နိုင်မယ်လို့ ကျွန်တော် တကယ် မထင်ဘူးဗျာ၊ (၁၉) ရက်နေ့မှ တွေ့လို့ ရနိုင်လား
“Cancelling an appointment (ချိန်းဆိုမှုကို ပယ်ဖျက်ခြင်း)”
ချိန်းဆိုမှုများကို အောက်ပါ ဥပမာ ဝါကျများကို အသုံးပြုကာ ပယ်ဖျက်နိုင်ပါသည်။
-       Unfortunately, due to some unforeseen business, I will be unable to keep our appointment for tomorrow afternoon.
ကံမကောင်းစွာနဲ့ပဲ ၊ မမျှော်လင့်ထားတဲ့ ကိစ္စကြောင့် မနက်ဖြန် နေ့လည် ချိန်းထားတာ ကျွန်တော် အဆင်မပြေတော့ဘူးဗျာ။
-       Would it be possible to arrange another time later in the week?
ဒီတပတ်အတွင် နောက်မှ စီစဉ်လို့ အဆင်ပြေနိုင်မလား/ ဖြစ်နိုင်မလား
-       I’m afraid that I have to cancel our meeting on Wednesday, as something unexpected has come up.
ဗုဒ္ဓဟူးနေ့ ချိန်ထားတာကို ဖျက်ရမှာ အားတော့နာတယ်ဗျာ …၊ မမျှော်လင့်ထားတဲ့ ကိစ္စလေး ပေါ်လာလို့ပါ။
-       I'm afraid that I'm not going to be able to meet you after all. Can we fix another time?
ဘယ်လိုပဲဖြစ်ဖြစ်(မည်သို့ဆိုစေ) ခင်ဗျားနဲ့ ကျွန်တော် မတွေ့နိုင်တော့တဲ့အတွက် အားနာတယ်ဗျာ …၊ နောက်တစ်ကြိမ်မှပဲ ဖြစ်နိုင်မလား။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)

“နေ့စဉ်ပြောကြား အင်္ဂလိပ်စကား



 Photo
ယခုတစ်ပတ်တွင် မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း များနှင့် တစ်စုံတစ်ရာ ပြုလုပ်ရန်အတွက်၊ ဖိတ်ခေါ်ခြင်း နှင့် တစ်စုံတစ်ယောက်၏ ဖိတ်ခေါ်မှုကို လက်ခံခြင်း၊ ငြင်းဆိုခြင်း စသည့် စကားပြောပုံစံများကို ဆက်လက် ရေးသား လိုက်ပါသည်။
“Inviting (ဖိတ်ခေါ်ခြင်း)”
-       Do you want to go to the movies tonight?
ဒီည ခင်ဗျား ရုပ်ရှင် သွားကြည့်ချင်လား 
-       Would you like to go to the theater tomorrow?
မနက်ဖြန် ခင်ဗျား ရုပ်ရှင်သွားကြည့် ချင်လား
-       Would you be interested in going to the stadium next Sunday?
နောက်တစ်ပတ် တနင်္ဂနွေနေ့ အားကစားရုံ သွားဖို့ ခင်ဗျား စိတ်ဝင်စားလား
-       How about going to the movies?
ရုပ်ရှင်သွား ကြည့်မယ်ဆို ခင်ဗျားဘယ်လို သဘောရလား
“Accepting invitations (ဖိတ်ခေါ်မှုကို  လက်ခံခြင်း)”
-       Sure. What time?
ရတယ်လေ၊ ဘယ်အချိန်လဲ
-       I'd love to, thanks.
သိပ်လာချင်တာပေါ့၊ ကျေးဇူးပဲ
-       That's very kind of you, thanks.
ခင်ဗျားက သိပ်ကြင်နာတတ်တာပဲ၊ ကျေးဇူးပဲ
-       That sounds lovely, thank you.
သိပ်ချစ်စရာကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ်။
-       What a great idea, thank you.
ကောင်းလိုက်တဲ့ အကြံဗျာ၊ ကျေးဇူးတင်ပါတယ်။
“Declining invitations (ချိန်းဆိုမှုကို ငြင်းဆိုခြင်း)”
-       I can't.  I have to work.
အဆင်မပြေဘူးဗျ၊ ကျွန်တော် အလုပ်ရှိတယ်။
-       This evening is no good.  I have an appointment.
ဒီညနေတော့ အဆင်မပြေဘူးဗျ၊ ကျွန်တော် ချိန်ထားတာလေး ရှိလို့ပါ။
-       That's very kind of you, but actually I'm doing something else this afternoon.
-       တကယ်ပါဗျာ ဒီနေ့ခင်း ကျွန်တော် လုပ်စရာလေး တစ်ခု ရှိလို့ပါ။
-       I'm really sorry, but I've got something else on.
တကယ်ကို စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ကျွန်တော် လုပ်စရာလေး ရှိလို့ပါ။
ဖိတ်ခေါ်ခြင်း၊ လက်ခံခြင်း၊ ငြင်းဆိုခြင်း စသည့် စကားပြော ပုံစံများ ပါဝင်သည့် နမူနာ ပုံစံကို လေ့လာကြည့်ပါ။
John and Marry are in a wedding party: (ဂျွန် နဲ့ မေရီတို့ နှစ်ယောက်ဟာ မင်္ဂလာ ပွဲတစ်ခုမှာပါ။)
John   :Do you want to dance?
           ခင်ဗျား က ချင်လား
Marry  :No thanks. I'm a bit tired right now
           နည်းနည်း ပင်ပန်းနေလို့ မကတော့ပါဘူး၊
John   :How about having a drink?
           ဒါဆို တစ်ခုခု သောက်ရင်ကော (ရော)
Marry  :Sure, I'd love to!
           ကောင်းတာပေါ့၊ ကျွန်တော် ကြိုက်ပါတယ်။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”

နေ့စဉ်သုံး အီဒီယမ်များ အပိုင်း -




Photo: နေ့စဉ်သုံး အီဒီယမ်များ အပိုင်း - (၄)

to take part : ပါဝင် ဆောင်ရွက်သည်၊ ဆင်နွဲသည်။
-	Henry was sick and could not take part in the meeting last night.
မနေ့ညက ဟင်နရီ ဖျားနေလို့ အစည်းအဝေး မတက်နိုင်နိုင်ဘူး။
-	I did not want to take part in their argument.
သူတို့ အငြင်းပွားနေတဲ့ ကြားထဲ ကျွန်တော် ဝင်မပါချင်ဘူး။

at all : လုံးဝ (အငြင်းဝါကျတွင်သာ သုံးပါသည်။)
-	He said that he did not have any money at all.
သူ့မှာ ပိုက်ဆံ လုံးဝ မရှိဘူးလို့ ပြောတယ်။
-	I don’t know this case at all.
ကျွန်တော် ဒီကိစ္စကို လုံးဝ မသိဘူး။

to look up : ရှာဖွေသည် ( အဘိဓာန်၊ တယ်လီဖုံးလမ်းညွှန် စသည်တို့တွင် ရှာသည်)
-	If you don’t know the new word, you can look it up in the dictionary.
မင်း စကားလုံးအသစ် မသိရင် အဘိဓာန်မှာ ရှာလို့ရတယ်။
-	Ellen said that she did not know Robert’s number but she would look it up in the telephone book.
ရောဘတ်ရဲ့ဖုံးနံပါတ်ကို သူမသိဘူးတဲ့ ဒါပေမယ့် သူ တယ်လီဖုံးလမ်းညွှန် စာအုပ်မှာ ရှာလိုက်မယ် လို့ အယ်လင်က ပြောတယ် ။

wait on : စတိုး၊ စားသောက်ဆိုင် စသည်များတွင် ဝန်ဆောင်မှုပေးသည်
-	A very pleasant young clerk waited on me at the shop.
အသက်ငယ်ငယ် ဖော်ဖော်ရွေရွေ နဲ့ စာရေးလေးက ကျွန်တော့်ကို ဆိုင်မှာ ဝန်ဆောင်မှုပေးတယ်။

at least : အနည်းဆုံး
-	Every student should spend at least two hours on the studies every night.
ကျောင်းသားတိုင်း အနည်းဆုံး ၂ နာရီလောက်တော့ ညတိုင်း စာလုပ်သင့်တယ်။
-	Helen has been sick in bed for at least two months.
ဟယ်လင်ဖျားနေတာ အနည်းဆုံး ၂လ လောက်တော့ ရှိပြီ။

so far : ခုအချိန်ထိ၊ လက်ရှိအချိန်ထိ
-	So far John has been the best student in our English class.
ခုချိန်ထိတော့ အတန်းထဲမှာ ဂျွန်က အတော်ဆုံး ကျောင်းသား ပဲ။
-	How many idioms have you studied in this book so far ?
ခုအချိန်ထိ မင်း ဒီစာအုပ်ထဲက အီဒီယမ် ဘယ်လောက် လေ့လာပြီးပြီလဲ

take a walk : လမ်းလျှောက်ထွက်သည်။
-	Last evening we took a walk around the park.
မနေ့ကညနေ ကျွန်တော်တို့ ပန်းခြံတဝိုက် လမ်းလျှောက်ထွက်ခဲ့ကြတယ်။
-	The weather is fine. Let’s take a walk.
ရာသီဥတု သာယာတယ်၊ လမ်းလျှောက်ထွက်ရအောင်

take a trip : ခရီးထွက်သည်
-	I am so busy at work that I have no time to take a trip.
ကျွန်တော့်မှာ အလုပ်များလွန်းလို့ ခရီးထွက်ဖို့တောင် အချိန်မရှိဘူး။
-	During the summer holidays, we took a trip to Bagan.
နွေရာသီပိတ်ရက်မှာ ကျွန်တော်တို့ ပုဂံ ကို ခရီးထွက်ခဲ့ကြတယ်။

to try on : စမ်းဝတ်သည်
-	He tried on several suits and finally picked out blue one.
သူ ဝတ်စုံပေါင်းများစွာ စမ်းဝတ်ကြည့်ပြီးမှ နောက်ဆုံးတော့ အပြာရောင် တစ်စုံကို ရွေးလိုက်တယ်။ 
-	Ma Ma tried on the new dress before she bought.
မမ က မဝယ်ခင် အင်္ကျီအသစ်ကို စမ်းဝတ်ကြည့်တယ်။

think over : စဉ်းစား သုံးသပ်သည်။
-	I shall think over your offer and give you my answer tomorrow.
ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို စဉ်စား အုံးမယ် မနက်ဖြန်မှ အဖြေ ပြန်ပေးမယ်ဗျာ။
-	You don’t give me your decision now. Think it over for a while.
မင်း ခုချက်ချင်း ဆုံးဖြတ်ချက် ချဖို့မလိုပါဘူး၊ ခဏလောက်တော့ စဉ်းစားလိုက်ပါဦး။

to take place : ဖြစ်ပျက်သည်။
-	I thought that the celebration was taking place at John’s house.
ပွဲက ဂျွန့် အိမ်မှာ ဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။
-	Where did the accident take place ?
မတော်တဆမှု ဘယ်နားမှာ ဖြစ်သွားတာလဲ

put away : နေရာတကျ ပြန်ထားသည်။
-	John put the notepad away in his desk when he was finished with it.
ဂျွန်က သူ သုံးပြီးသွားတော့ မှတ်စုစာရွက်ကဒ် ကို သူ့ စာရေးစားပွဲမှာ ပြန်ထားလိုက်တယ်။
-	The mother told the child to put the toys away.
အမေက ကလေးကို ကစားစရာတွေ သူ့နေရာသူ  နေရာတကျ ပြန်ထားဖို့ ပြောတယ်။


အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်နိုင်ကြပါစေ ………

အောင်ကိုဦး(UMK)
to hang up : ချိတ်ဆွဲသည်။
-       He hang up his coat in the closet.
သူ့ ကုတ်အင်္ကျီကို ဗီရိုထဲမှာ ချိတ်လိုက်တယ်။
to leave out : ချန်ထားသည်။
-       Why did you leave out the second question on your examination?
မင်း စာမေးပွဲမှာ ဒုတိယမေးခွန်းကို ဘာကြောင့် ချန်ထားခဲ့တာလဲ
-       You have left out Helen’s name on this list.
မင်း ဟယ်လင့် နာမည်ကို စာရင်းမှာ ချန်ထားခဲ့ပြီ။
to count on : မူတည်သည်။
-       We are counting on you to help us with this.
ဒီကိစ္စအတွက် ကျွန်တော်တို့ကို ကူညီဖို့ သူအပေါ်မှာပဲ မူတည်နေတယ်။
-       Don’t count on John to lend you any money because he has none.
ဂျွန်ဆီက ပိုက်ဆံချည်းဖို့တော့ အားမကိုးနဲ့ သူ့မှာကို တစ်ပြားမှ မရှိဘူး။
to make friends : မိတ်ဆွေဖွဲ့သည်။
-       Helen is a very shy girl and doesn’t make friends easily.
ဟယ်လင်က အရမ်းရှက်တတ်တော့ လွယ်လွယ် မိတ်ဆွေဖွဲ့လို့ မရဘူး။
-       During the trip William made friends with every one on the boat.
ခရီးစဉ်တစ်လျှောက် ဝီလီယမ်က လှေပေါ်မှာရှိတဲ့လူတွေနဲ့ မိတ်ဆွေဖွဲ့ခဲ့တယ်။
out of order : (စက်၊ ပစ္စည်း ကိရိယာ စသည်များ) ပျက်သည်။
-       The elevator was out of order and we had to walk to the tenth floor.
ဓါတ်လှေကားက ပျက်နေလို့ ကျွန်တော်တို့ (၁ဝ) ထပ်ကို လမ်းလျှောက် တက်ရမယ်။
-       We could not use the telephone because it was out of order.
တယ်လီဖုံးပျက်နေလို့ သုံးလို့မရဘူး။
to get to a place : ရောက်သည်။
-       I missed the bus and didn’t get to the office until ten o’ clock.
ကားလွတ်သွားလို့ (၁ဝ) နာရီထိုးတောင် ရုံးကို မရောက်လောက်တော့ဘူး။
-       This train gets to Mandalay at ten o’ clock.
ဒီရထားက မန္တလေးကို (၁ဝ) နာရီရောက်တယ်။
at times : တစ်ခါတစ်ရံ၊ အခါအားလျော်စွာ။
-       At times he does much better work.
တစ်ခါတစ်လေတော့ သူအလုပ်ကို ကောင်းကောင်းလုပ်တယ်။
to look over : စစ်ဆေးသည်။
-       I want to look over these exercises before I give them to the teacher.
ဒီသင်ခန်းစာတွေကို ဆရာကို မပြခင် ကျွန်တော် စစ်ချင်သေးတယ်။
-       He signed the contract without looking it over.
သူက ဘာမှမစစ်ဘဲ စာချုပ်မှာ လက်မှတ်ထိုးလိုက်တယ်။
to have time off : အလုပ်မလုပ်ဘဲ နားသည်၊ အားသည်။
-       He works only five days a week and has every Saturday and Sunday off.
သူက တစ်ပတ်မှာ (၅) ရက်ပဲ အလုပ်လုပ်ပြီး စနေ၊ တနင်္ဂနွေမှာ နားတယ်။
-       I except to have the whole summer off.
တစ်နွေလုံး အားဖို့ ကျွန်တော် မျှော်လင့်တယ်။
to keep on : ဆက်လုပ်သည်။
-       John kept on talking although the teacher asked him several times to stop.
ဆရာက ရပ်တော့လို့ အကြိမ်ကြိမ် ပြောပေမဲ့ ဂျွန်ကတော့ ဆက်ပြောနေတာပဲ။
-       They kept on playing their radio until three o’ clock in the morning.
မနက်ခင်း (၃) နာရီလောက်ထိ ရေဒီယိုကို သူတို့ ဖွင့်ထားကြတယ်။
to put out : မီးငြိမ်းသတ်သည်။
-       You can put out your cigarette in that ashtray.
မင်း ဒီဆေးလိပ်ပြာခွက်မှာ စီးကရက်မီး ငြိမ်းလို့ ရတယ်။
-       The firefighters put out the fire in a few minutes.
မီးသတ်သမားတွေက ခဏလေးအတွင်းမှာ မီးကို ငြိမ်းသတ်လိုက်တယ်။
all of a sudden : ရုတ်တရက်
-       All of a sudden John appeared at the door.
ဂျွန်က ရုတ်တရက် တံခါးနားက ပေါ်လာတယ်။
-       All of a sudden she got up left the house without a word.
အိပ်ရာက ထပြီးတော့ ဘာမပြောညာမပြောနဲ့ ရုတ်တရက် အိမ်ထဲက ထွက်သွားတယ်။
အင်္ဂလိပ်ဘာသာစကားလေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်နိုင်ကြပါစေ ………
အောင်ကိုဦး(UMK)

နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း



 Photo: နေ့စဉ်သုံး အင်္ဂလိပ်စကားလုံးတွဲများ အပိုင်း (၂)

အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ(Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။

I used to + (verb) - လုပ်လေ့လုပ်ထ ရှိခဲ့သည်၊ (အတိတ်ကာလအတွက် သာသုံးရပါသည်။)

“used to” ကို verb ဖြင့်တွဲသုံးလျှင် အတိတ်တစ်ချိန်တွင် လုပ်လေ့လုပ်ထ ရှိသော၊ လုပ်ခဲ့ဘူးသော အခြေအနေများကို တင်ပြရာတွင် အသုံးပြုနိုင်ပါသည်။ အတိတ်ကာလကိုသာ ရည်ညွှန်းသုံးသော အသုံးအနှုန်း တစ်ခုဖြစ်ပြီး ယခုလက်ရှိကာလတွင် ပြုလုပ်ခြင်း မရှိတော့ပါ။
 
- I used to smoke.
ဆေးလိပ် သောက်လေ့ရှိခဲ့တယ်။ (ယခု မသောက်တော့ပါ။)

- I used to live in California.
ကယ်လီဖိုးနီးယားမှာ နေဖူးခဲ့တယ်။ (ယခု မနေတော့ပါ။)

- I used to go to the beach every day last year.
မနှစ်က နေ့တိုင်း ကမ်းခြေကို သွားလေ့ရှိတယ်။ (ယခုအချိန်တွင် မသွားတော့ပါ။)

- I used to like vegetables.
အသီးအရွက်တွေ ကြိုက်ခဲ့ဘူးတယ်။ (ယခု မကြိုက်တော့ပါ။)


I + (be) + used to + (noun) - ရင်းနှီးကျွမ်းဝင်သည်။

- I am used to your face, but I forget your name.
မင်းမျက်နှာကို ရင်းနှီးတယ်၊ ဒါပေမယ့် နာမည်တော့ မေ့နေတယ်။

- My friend is used to Mathematics.
ကျွန်တော့်သူငယ်ချင်းက သင်္ချာကျွမ်းတယ်။

- She is not used to English.
သူ(မ)က အင်္ဂလိပ်စာ မကျွမ်းဘူး။

- They are used to music.
သူတို့က ဂီတနဲ့ ရင်းနှီးကျွမ်းဝင်ကြတယ်။

- I am not used to Mandalay weather.
မန္တလေးရာသီဥတုကို ကျွန်တော် မရင်းနှီးဘူး။


I have to + (verb) - ____ ရမည်။

သေချာသော ကိစ္စတစ်ခု လုပ်ရမည်၊ သွားရမည် စသည်ဖြင့် မကြာမီ လုပ်ဆောင်၊ ဖြစ်ပျက်တော့မည့် သေချာသော အခြေအနေများ တွင် “have+to” ကို အသုံးပြု နိုင်ပါသည်။ 

- I have to go my work.
အလုပ်ကို သွားရမယ်။ (ကျိန်းသေ သွားရမည်၊ မသွားလျှင် အပြစ်ပေး ခံရနိုင်သည်။)

- I have to unpack my bags.
ကျွန်တော့်အတိတ်ကို ရှင်းရမယ်။

- I have to do my homework.
အိမ်စာတွေ လုပ်ရမယ်။

- They have to pay for the school fees.
သူတို့ ကျောင်းလခတွေ ပေးရမယ်။


တစ်ခုခု ကို လုပ်ရန် မလိုအပ်သော အခြေအနေမျိုးတွင် 'don't' နှင့် တွဲကာ အသုံးပြုနိုင်သည်။ 

- I don't have to do my homework.
အိပ်စာတွေ လုပ်ဖို့မလိုတော့ဘူး။

- I don't have to go to my work today.
ဒီနေ့ အလုပ်ကို သွားဖို့ မလိုတော့ဘူး။

- I don't have to unpack my bags.
အိတ်ကို ရှင်းဖို့ မလိုတော့ဘူး။


I wanna + (verb)

'wanna' သည် သဒ္ဒါနည်းအရ အမှန်မဟုတ်သော်လည်း စကားပြောရာတွင် အသုံးများပြီး 'want to' နှင့် အဓိပ္ပာယ်တူပါသည်။ တစ်စုံတစ်ခုကို လုပ်ချင်သည်ဟု ပြောဆိုရာတွင် အသုံးပြုနိုင်ပါသည်။
 
- I wanna talk with you.
မင်းနဲ့ ငါ စကားပြောချင်တယ်။

- I wanna search for a job.
အလုပ်တစ်ခုလောက် ရှာချင်တယ်။

- I wanna order some food.
စားစရာ နည်းနည်းလောက် မှာချင်တယ်။

- I wanna marry her.
သူ(မ)ကို လက်ထပ်ချင်တယ်။

- I wanna listen to that song.
ဒီသီချင်းကို နားထောင်ချင်တယ်။

တစ်စုံ တစ်ခုကို မလုပ်ချင်သည်ကို ဖော်ပြလျှင် အငြင်းဝါကျ ပုံစံနှင့် တွဲကာ အသုံးပြုနိုင်ပါသည်။

- I don't wanna listen to that song.
ဒီသီချင်းးကို နားမထောင်ချင်ဘူး။

“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ  ……………”

အောင်ကိုဦး(UMK)
အင်္ဂလိပ်စကား ပြောဆိုရာတွင် အသုံးများသော၊ အသုံးဝင်သော စကားလုံးတွဲများ(Phrases) နှင့် စကားပြော ပုံစံ (Pattern) များကို ဆက်လက် မျှဝေလိုက်ပါသည်။
I used to + (verb) - လုပ်လေ့လုပ်ထ ရှိခဲ့သည်၊ (အတိတ်ကာလအတွက် သာသုံးရပါသည်။)
“used to” ကို verb ဖြင့်တွဲသုံးလျှင် အတိတ်တစ်ချိန်တွင် လုပ်လေ့လုပ်ထ ရှိသော၊ လုပ်ခဲ့ဘူးသော အခြေအနေများကို တင်ပြရာတွင် အသုံးပြုနိုင်ပါသည်။ အတိတ်ကာလကိုသာ ရည်ညွှန်းသုံးသော အသုံးအနှုန်း တစ်ခုဖြစ်ပြီး ယခုလက်ရှိကာလတွင် ပြုလုပ်ခြင်း မရှိတော့ပါ။
-       I used to smoke.
ဆေးလိပ် သောက်လေ့ရှိခဲ့တယ်။ (ယခု မသောက်တော့ပါ။)
-       I used to live in California.
ကယ်လီဖိုးနီးယားမှာ နေဖူးခဲ့တယ်။ (ယခု မနေတော့ပါ။)
-       I used to go to the beach every day last year.
မနှစ်က နေ့တိုင်း ကမ်းခြေကို သွားလေ့ရှိတယ်။ (ယခုအချိန်တွင် မသွားတော့ပါ။)
-       I used to like vegetables.
အသီးအရွက်တွေ ကြိုက်ခဲ့ဘူးတယ်။ (ယခု မကြိုက်တော့ပါ။)
I + (be) + used to + (noun) - ရင်းနှီးကျွမ်းဝင်သည်။
-       I am used to your face, but I forget your name.
မင်းမျက်နှာကို ရင်းနှီးတယ်၊ ဒါပေမယ့် နာမည်တော့ မေ့နေတယ်။
-       My friend is used to Mathematics.
ကျွန်တော့်သူငယ်ချင်းက သင်္ချာကျွမ်းတယ်။
-       She is not used to English.
သူ(မ)က အင်္ဂလိပ်စာ မကျွမ်းဘူး။
-       They are used to music.
သူတို့က ဂီတနဲ့ ရင်းနှီးကျွမ်းဝင်ကြတယ်။
-       I am not used to Mandalay weather.
မန္တလေးရာသီဥတုကို ကျွန်တော် မရင်းနှီးဘူး။
I have to + (verb) - ____ ရမည်။
သေချာသော ကိစ္စတစ်ခု လုပ်ရမည်၊ သွားရမည် စသည်ဖြင့် မကြာမီ လုပ်ဆောင်၊ ဖြစ်ပျက်တော့မည့် သေချာသော အခြေအနေများ တွင် “have+to” ကို အသုံးပြု နိုင်ပါသည်။ 
-       I have to go my work.
အလုပ်ကို သွားရမယ်။ (ကျိန်းသေ သွားရမည်။)
-       I have to unpack my bags.
ကျွန်တော့်အတိတ်ကို ရှင်းရမယ်။
-       I have to do my homework.
အိမ်စာတွေ လုပ်ရမယ်။
-       They have to pay for the school fees.
သူတို့ ကျောင်းလခတွေ ပေးရမယ်။
တစ်ခုခု ကို လုပ်ရန် မလိုအပ်သော အခြေအနေမျိုးတွင် 'don't' နှင့် တွဲကာ အသုံးပြုနိုင်သည်။ 
-       I don't have to do my homework.
အိပ်စာတွေ လုပ်ဖို့မလိုတော့ဘူး။
-       I don't have to go to my work today.
ဒီနေ့ အလုပ်ကို သွားဖို့ မလိုတော့ဘူး။
-       I don't have to unpack my bags.
အိတ်ကို ရှင်းဖို့ မလိုတော့ဘူး။
I wanna + (verb)

'wanna' သည် သဒ္ဒါနည်းအရ အမှန်မဟုတ်သော်လည်း စကားပြောရာတွင် အသုံးများပြီး 'want to' နှင့် အဓိပ္ပာယ်တူပါသည်။ တစ်စုံတစ်ခုကို လုပ်ချင်သည်ဟု ပြောဆိုရာတွင် အသုံးပြုနိုင်ပါသည်။ 
-       I wanna talk with you.
မင်းနဲ့ ငါ စကားပြောချင်တယ်။
-       I wanna search for a job.
အလုပ်တစ်ခုလောက် ရှာချင်တယ်။
-       I wanna order some food.
စားစရာ နည်းနည်းလောက် မှာချင်တယ်။
-       I wanna marry her.
သူ(မ)ကို လက်ထပ်ချင်တယ်။
-       I wanna listen to that song.
ဒီသီချင်းကို နားထောင်ချင်တယ်။
တစ်စုံ တစ်ခုကို မလုပ်ချင်သည်ကို ဖော်ပြလျှင် အငြင်းဝါကျ ပုံစံနှင့် တွဲကာ အသုံးပြုနိုင်ပါသည်။
-       I don't wanna listen to that song.
ဒီသီချင်းးကို နားမထောင်ချင်ဘူး။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK