Powered By Blogger

Thursday, May 30, 2013

Kaspersky Mobile Security v9.10.141 For Android


Kaspersky ကို PC သမားအားလုံးနီးပါးသိကြပါတယ်.. Antivirus လောကမှာ ဆရာတစ်ဆူလိုပါပဲ.. အဲဒီ Kaspersky ကပဲ Kaspersky Mobile Security ကိုထုတ်နေတာ အတော်ကြာပါပြီ.. ခု v9.10.141 ရလာလို့ တင်ပေးလိုက်ပါတယ်.. Update လုပ်ဖို့တော့ Internet Connection လိုအပ်မှာဖြစ်ပါတယ်.. ဒီကောင်က Security အမျိုးအမျိုးလုပ်လို့ရပါတယ်.. Anti-Thief, CALL & SMS FILTER , App Lock, စသည်ဖြင့်ပေါ့.. အဲဒီအတွက်သီးသန့် ကျွန်တော် ရေးပါအုံးမယ်.. မသုံးတတ်သေးသူတွေအတွက်ပါ.. ခုတော့ ဒီကောင်လေးကို Install လုပ်လိုက်ကြပါအုံး.. ဒီ App ကို Google Play မှာ ဝယ်မယ်ဆိုရင် 4.95 ဒေါ်လာကျသင့်မှာဖြစ်ပေမယ့် မောင်ပေါက်ဆီမှာတော့ Free ဖြစ်ပါတယ်..
Protect your smartphone like the mini-PC that it is. Kaspersky Mobile Security delivers real-time protection from viruses, spam, malicious programs, and unwanted calls and SMS texts, plus an instant, cloud-based scanning of downloaded apps. Our unique privacy mode allows you to control access to your contacts and communications. And, advanced anti-theft protection remotely disables, cleans, and finds your missing phone via Google Maps – even if your SIM card has been replaced.
ANTI-THEFT PROTECTION: Block, clean or find your missing phone even if your SIM card has been replaced
ANTI-VIRUS PROTECTION:
The latest technologies prevent viruses and spam from infecting your phone while you’re surfing the Internet
Automatic, cloud-based scanning of downloaded apps
On-demand and scheduled scans allow you to set up antivirus scanning when it’s most convenient for you
CALL & SMS FILTER: Blocks unwanted calls and SMS texts
PRIVACY PROTECTION:
Control what others can see and access when they pick up your phone
Keep designated incoming calls and SMS texts completely hidden until you’re ready to view them
Activate “Private” mode manually, automatically, or remotely

အဆင်ပြေပါစေ.       .Download link-www.komaungpauk.blogspot.com

Monday, May 27, 2013

ကျနော်ဆိုက်ကိုဝင်ကြည်.သော ဘော်ဒါများအားလုံးကို ကျနော်တောင်းပန်ပါတယ်ခင်ဗျာ။
ကျနော်ကအခုမှ စမ်းသပ်နေတဲ.ဘလော.ဖြစ်ပါတယ်ခင်ဗျာ။နည်းပညာနဲပါတ်သက်တာတွေလေ.လာချင်ရင်www.winkabarkyaw.netမမှာလေ.လာနိုင်ပါတယ်ခင်ဗျာ။
Please Go To   - /www.winkabarkyaw.net- To Learn........


       THANK  FOR ALL FRIEND......

        
     

Saturday, May 11, 2013

မိမိ ကွန်ပြူတာ မှာ ဖြုတ်ချင်တာတွေ၊ ဖြုတ်လို့ မရတာတွေကို ဆော့ဝဲလ် မလိုပဲ ဖြုတ်ကြရအောင် internetmyotaw.wall.fm/links ကွန်ပျူတာ တွေမှာ software တွေကို ပြန်ပြီး ဖြုတ်ချလို့ မရတာတွေ ဖြစ်တတ် ပါတယ်ဗျာ.. အဲဒီလိုမျိုး ဖြစ်နေတယ် ဆိုရင်တော့ ဆော့လ်ဝဲ မလိုပဲ ဖြုတ်လို့ ရအောင် အောက်မှာ ပေးထားတဲ့ နည်းလမ်းလေးနဲ့ ဖြေရှင်း လိုက်ကြည့်လိုက်ပါ လုပ်နည်းကတော့ဒီလိုပါ အရင်ဆုံး။ Start ⇒ Run ⇒ regedit ဟု ရိုက်ထည့်ပြီး OK ပြီးရင်။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\ CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော Software ကို Click လုပ်ပါ။ အဲဒီနောက်။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။ နောက်ဆုံး။ Start ⇒ Run ထဲတွင် C:\Program Files\WordWeb\uninst.exe ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားပါလိမ့်မယ်....အိုကေပြီးစိုပြေပါစေဗျားးးးး)))))).

မိမိ ကွန်ပြူတာ မှာ ဖြုတ်ချင်တာတွေ၊ ဖြုတ်လို့ မရတာတွေကို ဆော့ဝဲလ် မလိုပဲ ဖြုတ်ကြရအောင်

internetmyotaw.wall.fm/links
 ကွန်ပျူတာ တွေမှာ software တွေကို ပြန်ပြီး ဖြုတ်ချလို့ မရတာတွေ ဖြစ်တတ် ပါတယ်ဗျာ.. အဲဒီလိုမျိုး ဖြစ်နေတယ် ဆိုရင်တော့ ဆော့လ်ဝဲ မလိုပဲ ဖြုတ်လို့ ရအောင် အောက်မှာ ပေးထားတဲ့ နည်းလမ်းလေးနဲ့ ဖြေရှင်း လိုက်ကြည့်လိုက်ပါ  လုပ်နည်းကတော့ဒီလိုပါ

အရင်ဆုံး။ Start ⇒ Run ⇒ regedit ဟု ရိုက်ထည့်ပြီး OK

ပြီးရင်။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။

အဲဒီနောက်။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

နောက်ဆုံး။ Start ⇒ Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားပါလိမ့်မယ်....အိုကေပြီးစိုပြေပါစေဗျားးးးး)))))).

Gmail မှတ်စုတိုလေးများမှ......ဗဟုသုတ..တစ်ရပ်

Gmail မှတ်စုတိုလေးများမှ......ဗဟုသုတ..တစ်ရပ်



မိမိအကောက်ပြုလုပ်ခဲ့တဲ့ရက်စွဲကိုသိချင်ရင်အရင်ဆုံး... Gmail ကိုဖွင့်ပါ
ခွေးသွားစိတ်ပုံစံ 1 Setting icon ကိုနှိပ်ပါ 2 Mail setting ကိုနှိပ် 3 forwarding and POP/IMAP ကိုနှိပ်
3 since 00/00/00 သည် မိမိအကောက်စတင်ပြုလုပ်သည့်ရက်စွဲဖြစ်သည်။
မိမိအကောက်တွင်ရှိသော အကောက်ငါးခုကိုမှတ်သားပါ။
security question ကိုမှတ်သားထားပါ။မိမိအကောက်ကိုပိုလုံခြုံစေချင်ရင်
security question ကိုမြန်မာလို
ပြောင်းလိုက်ပါ answer ကိုလည်းမြန်မာလိုပေးပါ။
Recover Email ကိုမှတ်သားထားပါ။
ကီးလှော်ကာရန်မှဝေးခြင်၇င်အ၇င်ဆုံး memory stick တစ်ခုတွင် notepad လေးပြုကာ
password နှင့် username ကိုရိုက်ထည့်ပါ။....
ချက်ခါနီး copy , paste နည်းပညာဖြင့်သုံးပါ...အကောက်ဝင်ပါ။
hacking များစမ်းသပ်လိုလျှင် Deep freeze ကိုတပ်ပြီး antivirus software ကိုဖြုတ်ထားပါ။
သူများအတင်းလုပ်ခိုင်းသောအရာကိုမလုပ်ပါနှင့်ဥပမာဒါလေးစမ်းကြည့်ပါလားညာလေးစ
စမ်းကြည့်ပါလား စသဖြင့်ပေါ့... အကောက်ဝင်ခါနီးတိုင်း address bar ကိုတစ်ချက်ကြည့်ပါ။..
Gmail>setting >mail setting မှ always use https ကိုေ၇ွးပြီး save change နှိပ်ပါ။
သီချင်းဖိုင်၊ဓာတ်ပုံဖိုင်၊ဗီဒိုယိုဖိုင်များမဖွင့်မီ...တွင် file types ကိုတစ်ချက်စစ်ဆေးပါ။
ှုဥပမာ သီချင်းအတွက်... yonelay.mp3 ဆိုလျှင် file types သည် mp3ဖြစ်သည်။
yonelay.exe ဆိုလျှင် သီချင်းလည်းနားဆင်ရမည်ဖြစ်သလို...ဟက်ကင်းဖိုင်ဖြစ်သည်အတွက်
မိမိပတ်စဝေါ့ပါသွားနိုင်သည်။ မိမိ၏အကောက်နှင့်ပတ်စဝေါ့ပေးရသော ဟက်ကာ ဆော့ဝဲမျိုးကိုမစမ်းသပ်မိပါစေနှင့်..
မိမိကသူများကိုမဟက်ပဲ မိမိသာပြန်အဟက်ခံရတတ်သည်။ FTP နည်းမျှသာစမ်းသပ်မှအဆင်ပြေမည်။...
အမြဲတမ်းစစ်ဆေးဖို့.. အတွက် ဘလော့ပို့များတွင် archives ကိုနှိပ်ပြီး မိမိအကောက်တကယ်ပဲအဟက်
ခံနေရပြီးလား ဘလော့ပို့စ်ကိုတစ်ချက်ပြန်စစ်ဆေးပါ....


ယောင်အဲလင်းဟက်ကင်းနည်းပညာမှကူယူပေါ်ပြသည်

Car တွေနဲ့ ချိတ်ဆက်ဖို့ရှိတဲ့ Apple

Apple Patent for Car technology

Car တွေနဲ့ ချိတ်ဆက်ဖို့ရှိတဲ့ Apple

AppleInsider က ထွက်ပေါ်လာတဲ့ နောက်ဆုံး သတင်းတွေ အရ Apple ဟာ ကားတွေနဲ့ ချိတ်ဆက်ဖို့ နည်းပညာ အချို့ကို မူပိုင်ခွင့် တင်ထားတယ်လို့ သိရပါတယ်။ သူတို့ တင်ထားတဲ့ မူပိုင်ခွင့်အချို့မှာတော့ ကားကို အဝေးကနေ ဖွင့်နိုင် ၊ စက်နို်းနိုင် ဖို့ နည်းပညာတွေ ပါဝင်ပြီး ကားရပ်ဖို့ နေရာရှာဖွေပေးနိုင်တဲ့ app တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို နည်းပညာတွေမှာ မိဘတွေအနေနဲ့ သားသမီးတွေကို ကားငှားပေးတဲ့ အခါ ညအချိန် စက်နိုးလို့ မရအောင် ၊ မပေးသုံးချင်တဲ့အချိန်မှာအသုံးပြုခွင့် မရအောင် စတဲ့ ထိန်းချုပ်မှုတွေကို ပြုလုပ်နိုင်ဖို့ ရှိပြီး ကားနဲ့ Bluetooth နည်းပညာ အားဖြင့် ချိတ်ဆက်သွားမှာပါ။ မူပိုင်ခွင့် တင်ထားတဲ့ အဆင့်ပဲ ရှိပြီး တကယ်ထည့်သွင်းမယ် ၊ အကောင်အထည်ဖော်မယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်း အဆင့်တော့ မဟုတ်သေးပါဘူး။


This is copy from Tolay(technology)

ဖုန်းဘက်ထရီလေး ကြာကြာခံဖို

getting more juice with smart phone battery

ဖုန်းဘက်ထရီလေး ကြာကြာခံဖို့

ကျွန်တော့်အနေနဲ့ ဒီဆောင်းပါးကို ရေးသာရေးရပါတယ်။ မဖြစ်နိုင်တဲ့ ဇာတ်လမ်းကို တင်ဆက်ရသလိုလို ၊ စိတ်ထဲမှာ တွေးမိပါတယ်။ ကျွန်တော်တို့ မိုဘိုင်းဖုန်း စသုံးစဉ်က တစ်ခါ အားသွင်းပြီးရင် အနည်းဆုံးတော့ ၄ ရက် လောက်သုံးရပါတယ်။ ထိုခေတ် ၊ ထိုအခါ ခလုတ်လေးများ နှိပ်ပြီး သုံးရတဲ့ မိုဘိုင်းတွေမှာပေါ့ဗျာ။ အဲဒီတုန်းကတော့ ဖုန်းဆို နာမည်နဲ့လိုက်အောင် စကားပြောဆက်သွယ်လို့ ပဲ ရတာကိုးဗျ။ အခုများမှာတော့ ဖုန်းလို့သာဆိုတယ် ၊ စကားပြောတာကခပ်ရှားရှား၊ တခြားတခြားသော ကိစ္စများကို အသုံးပြုနေကြရတာက များတယ်မလား ၊ ခေတ်တွေက အရမ်းကို ပြောင်းလဲမြန်ပါတယ်ဗျာ။ ကျွန်တော် ဒီဆောင်းပါးကို ကျွန်တော် ကိုယ်တိုင် စမ်းသပ်ထားတာလေးတွေနဲ့ အတူ အခြားသူများရဲ့အတွက် အလုပ်ဖြစ်ထားဖူးတဲ့ အချက်တွေ စုပေါင်းပြီး တင်ဆက်ပေးသွားပါ့မယ်။
ကျွန်တော်လက်ရှိ Sony Xperia Neo L သုံးပါတယ်။ အတန်အသင့် အခြေခံကျတဲ့ဖုန်းတစ်လုံးပေမဲ့ ဘက်ထရီကတော့ သိပ်အသုံးမခံလှပါဘူး။ ကျွန်တော် ပထမဆုံးပြင်လိုက်တာကတော့ screen ရဲ့ အလင်းအားပါ။ ကျွန်တော်အတွက် နောက်ဆုံး သက်တောင့်သက်တာဖြစ်တဲ့ အနေအထားအထိ ကျွန်တော် လျော့ချလိုက်တဲ့ အခါ ဘက်ထရီရဲ့သက်တမ်းက သိသိသာသာ တက်လာခဲ့ပါတယ်။ ဒီလို လျော့ချ လိုက်တာကြောင့် နေအလင်းရောင်အောက်မှာ သုံးရတာ သိပ်အဆင်မပြေတာ ၊ ဓာတ်ပုံတွေ တောက်တောက်ပပ မကြည့်ရတဲ့ စွန့်လွတ်မှု အချို့တော့ ပေးဆပ် လိုက်ရပါတယ်။ ကျွန်တော်လည်း အချိန်အများအားဖြင့် အမိုးအကာအောက်၊ လုပ်ငန်းခွင် ရုံးခန်းမှာ ရှိတာကြောင့် သိပ်တော့ ပြဿနာ မရှိခဲ့ပါဘူး။
နောက်တစ်ချက်ကတော့ ကျွန်တော်မသိပဲ နောက်ကွယ်မှာ ဆက် run နေတဲ့ app တွေ ကလည်း ဘက်ထရီ သက်တမ်းကို ဒုက္ခပေးပါတယ်။ တစ်ကြိမ်မှာ app တစ်ခုထက်မက run နိုင်တဲ့ လုပ်ဆောင်ချက်ကလည်း smart phone တွေရဲ့အားသာချက်ပေမို့ ကောင်းတာရှိသလို ၊ ဘက်ထရီစား ၊ memory စားတဲ့ ပြဿနာ လေးတွေလည်း ရှိနေပြန်ပါတယ်။ Android ဖုန်းဆိုရင်တော့ Advanced Task Killer လို app ထည့်ပြီး မကြာခဏ run ပေးရင် နောက်ကွယ်က ကိုယ်မသိပဲ run နေတဲ့ app တွေပိတ်ပြီး ဘက်ထရီသက်တမ်း တက်ရုံသာမက ၊ memory လည်း ရှင်းပြီး ဖုန်းကို မြန်မြန်ဆန်ဆန် သုံးလို့ ရပါတယ်။ iPhone မှာ ဆိုရင်တော့ home button ကို ၂ ချက်နှိပ်လိုက် multitasking နဲ့ run နေတဲ့ app တွေကို ပြသပေးပါတယ်။ အဲဒါတွေကို ပိတ်လိုက်ရင်လည်း ဘက်ထရီသက်တမ်း တိုးနိုင်ပါတယ်။
ကျွန်တော် တခါတလေ လုပ်တတ်တာကတော့ ဖုန်းကို reboot ပြန်လုပ်တာပါ။ မနက်ခင်းလို အချိန်မျိုးမှာ ဖုန်းကို switch off လုပ်ပြီး ပြန်ဖွင့်လိုက်တာကလည်း ဘက်ထရီသက်တမ်းကို မသိမသာ တိုးစေရုံမက အထူးသဖြင့် ဖုန်းသုံးရတာ ပိုမြန်တတ်ပါတယ်။ တိတိကျကျ သက်သေ မပြနိုင်ပေမဲ့ ကျွန်တော်လို့ပဲ ပြုလုပ်သူတွေကလည်း အွန်လိုင်းမှာ ထောက်ခံထားတာရှိပါတယ်။
screen ကို passcode နဲ့ lock လုပ်ထားတာလည်း တိုက်ရိုက်မသက်ဆိုင်ပေမဲ့ တခါတလေ ဖုန်းကို အိတ်ထဲ ထည့်ထားပြီး ကင်မရာ တောက်လျှောက်ပွင့်နေတာမျိုး မဖြစ်တော့တာကြောင့် တိုက်ရိုက်မသက်ဆိုင်ပေမဲ့ ဘက်ထရီစားသက်သာပါတယ်။ ဒါကတော့ ကျွန်တော် မကြာခဏ ဖြစ်တတ်တဲ့ ကိစ္စပါ။
အခြားသော ဘက်ထရီအစားသက်သာစေတဲ့ ကိစ္စတွေကတော့ Bluetooth, wifi တို့ကို လိုမှဖွင့်တာလည်း သက်ဆိုင်ပါတယ်။ မလိုတဲ့ notification တွေပိတ်ထားတာလည်း အကျိုးရှိပါတယ်။ ဘာမဟုတ်ပေမဲ့ ဖုန်းကို တုန်အောင် လုပ်ပေးရတဲ့ vibrate ကလည်း ဘက်ထရီစားတတ်တာကလည်း သတိပြုစရာပါ။ GPS ကို သုံးတတ်တဲ့ app တွေကလည်း ဘက်ထရီကို အထူး အသုံးပြုပါတယ်။ ဥပမာ ကိုယ့်အနားမှာ ရှိတဲ့ နေရာတွေကို ရှာပေးတဲ့ app မျိုးအတွက် GPS ကိုအသုံးပြုခွင့်ပေးရတာ ပြဿနာမရှိပေမဲ့ ဘာမဟုတ်တဲ့ wallpaper လိုဟာမျိုးက GPS ကို အသုံးပြုဖို့ ခွင့်တောင်းလာရင် ခွင့်မပေးတာက ပိုအကျိုးရှိပါတယ်။ ဒီလိုပဲ ဘာအကြောင်းကိစ္စမှ မရှိပဲ လက်က facebook ကို အလိုလို စစ်စစ်မိနေတဲ့ ကိုယ်ပိုင် အကျင့်ဆိုးလေး တွေကို ဖျောက်လိုက်ရင်လည်း ဘက်ထရီ သက်တမ်း ပိုလာနိုင်တယ်လို့ စုစည်းမိသလောက် ရေးသား လိုက်ရပါတယ်ဗျာ။



တူလေး ( နည်းပညာ) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။



“Condense of Composition” ဝါကျဖွဲ့ထုံးအနှစ်ချုပ် အပိုင်း - ၃ (Clauses)

“Condense of Composition” ဝါကျဖွဲ့ထုံးအနှစ်ချုပ် အပိုင်း - ၃ (Clauses)


 3.    Clauses (ဝါကျခွဲ)

ဝါကျ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကတ္တား (Subject) နှင့် ကြိယာ (Verb) ပါဝင်သောလည်း အဓိပ္ပာယ် မပြည့်စုံသော စကားစုကို Clauses ဟုခေါ်ပါသည်။ Clause တွင်လည်း တည်ရှိသည့်နေရာ အပေါ်မူတည်ကာ (၃) မျိုးရှိပါသည်။ ၎င်းတို့မှာ -

1)    Noun Clause
2)    Adjective Clause
3)    Adverb Clause

Noun Clause [S, O, C]

          who, that, what, how, when, where စသည်ကဲ့သို့သော စကားဆက်များ တစ်ခုခု ဝါကျခွဲ(Clause)၏ ရှေ့ဆုံးတွင် ရှိတတ်ပြီး အနက်ကောက်ရာတွင် Phrase ကဲ့သို့ပင် Subject နေရာအတွက် “သည် (ဆိုတာ)”၊ Object နေရာအတွက် “ကို၊ (ဆိုတာကို) ”၊ Complement နေရာအတွက် “သည်” ဟု အဓိပ္ပာယ် ကောက်ပါသည်။ ဥပမာ -

That the match will be cancelled is now certain.
                     Noun Clause (S)
ပြိုင်ပွဲ ဖျက်မယ် ဆိုတာ အခု သေချပြီ။

I know that the match will be cancelled.
                          Noun Clause (O)
ပြိုင်ပွဲဖျက်မယ် ဆိုတာကို ငါသိတယ်။


Whether he has singed the contract doesn’t matter.
              Noun Clause (S)
စာချုပ်ကို သူလက်မှတ်ထိုးပြီးပြီလား/ မထိုးရသေးဘူးလား ဆို ပြဿနာ မဟုတ်ပါ။

I want to know whether he has singed the contract.
                                       Noun Clause (O)
စာချုပ်ကို သူလက်မှတ်ထိုးပြီးပြီလား/ မထိုးရသေးဘူးလားဆိုတာကို ငါသိချင်တယ်။

When he did it is a mystery.
  N Clause (S)
ဘယ်အချိန်မှာ အဲဒါကို သူလုပ်ခဲ့တာ ဆိုတာသည် သိဖို့ခက်ခဲတဲ့ ကိစ္စဖြစ်တယ်။

I wonder when he did it.
                 N Clause (O)
အဲဒါကို သူဘယ်အချိန်လုပ်ခဲ့တယ် ဆိုတာကို ငါသိချင်တယ်။

When he comes depends on your decision.
   N Clause (S)
သူဘယ်အချိန်လာမယ် ဆိုတာသည် မင်းရဲ့ဆုံးဖြတ်ချက် အပေါ်တွင် မူတည်သည်။

I know who you are.
            N Clause (O)
မင်းဘယ်သူလဲ ဆိုတာကို ငါသိတယ်။

Let me know how he comes back.
                        N Clause (O)
သူဘယ်လို ပြန်လာမလဲ ဆိုတာကို ငါသိပါရစေ။

Adjective Clause [ only after noun]

            who, that, which, whose ကဲ့သို့သော relative conjunction များကို Clause ၏ ရှေ့တွင် ရှိပြီး Noun ၏ အနောက်တွင်နေကာ Adjective နာမဝိသေသန အလုပ်ကို လုပ်သည်။ အဓိပ္ပာယ်ကို “သော” ဖြင့် ကောက်ရပါသည်။ ဥပမာ-

The government which promises to cut the taxes will be popular.
အခွန်လျော့ရန် ကတိပြုသော အစိုးရသည် လူကြိုက်များလိမ့်မည်။

Mg Mg is the man who lives my next door.
ကျွန်တော့်နှင့် ကပ်လျှက်အခန်းတွင်နေသော သူသည် မောင်မောင် ဖြစ်သည်။

He is the man whose car was stolen.
ကားအခိုးခံရသော လူသည် သူဖြစ်သည်။

A doctor examined the astronauts who returned from the space today.
ယနေ့ အာကာသမှ ပြန်လာသော လေသူရဲကို ဆရာဝန်က စစ်ဆေးသည်။

The millionaire whose son ran away form home a week ago has made a public appeal.
လွန်ခဲ့သည့် တစ်ပတ်လောက်က သူ့သား အိမ်မှ ထွက်ပြေးသွားသော သန်းကြွယ်သူဌေးကြီးက ပြည်သူများကို မေတ္တာရပ်ခံလိုက်သည်။

မှတ်ချက်
      Clause ၏ ရှေ့က အထူးပြုခြင်းခံရသော Noun သည် Clause ၏ Object ဖြစ်နေလျှင် Clause တွင်ပါသော စကားဆက်(Conjunction)ကို ဖြုတ်ကာ ရေးနိုင်သည်။ ဥပမာ-

This is the photo that/ which I took.
ငါ ရိုက်ထားသောဓါတ်ပုံသည် ဤဟာ ဖြစ်သည်။

ဤဝါကျတွင် အထူးပြုခြင်းခံရသော Noun ဖြစ်သည့် phot သည် နောက်က အထူးပြုသော Clause ၏ Object ဖြစ်နေသောကြောင့် စကားဆက် (Conjunction) “that/ which” ကို ဖြုတ်ကာ အောက်ပါအတိုင်းရေးနိုင်သည်။

This is the photo I took.

v  Adjective Clause များတွင် Conjuction ၏ ရှေ့တွင် တစ်ခါတစ်ရံ Preposition များ တွဲပါတတ်ပါသည်။ “သော” ဖြင့်သာ အနက်ကောက်ရပါမည်။ ဥပမာ -

The person to whom I complained is the manager.
ကျွန်တော် မကျေနပ်ကြောင်းသွားပြောသော ပုဂ္ဂိုလ်သည် မန်နေဂျာဖြစ်သည်။

This is the pan in which I boiled the milk.
ကျွန်တော် နွားနို့ကျိုသော အိုးသည် ဤဟာဖြစ်သည်။

Ø  Adjective Clause သည် time, place နှင့် reason များကိုလည်း အထူးပြုနိုင် ပါသည်။

1979 was the year in which my son was born.
ကျွန်တော့်သားမွေးသော နှစ်သည် ၁၉၇၉ ခုနှစ် ဖြစ်သည်။

This is the place in which I grew up. [in which= where]
ကျွန်တော် အရွယ်ရောက်ခဲ့သော နေရာသည် ဤနေရာ ဖြစ်သည်။




Adverb Clause [M, P, T, R, P, C, C, Q]





            Adverb Phrase တွင် ပုံသေ နေရာ အတိအကျမရှိသကဲ့သို့ Adverb Clause တွင်လည်း ပုံသောနေရာအတိအကျ မရှိပါ။ သို့ရာတွင် လုပ်ဆောင်ချက် အပေါ်တွင် မူတည်ကာ Adverb Clause ကို အခြေခံအားဖြင့် ၉ မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ -



Adverb Clause of Manner [M]


-       Type this again as I showed you a moment ago.

ခုနက ငါပြထားတဲ့အတိုင်း ဒါကို ပြန်ရိုက်ပါ။

အမူအယာပြ စကားဆက်များ

as                                             - အတိုင်း/ သလို
how/ the way                            - အတိုင်း/ သလို
the way in which                        - အတိုင်း/ သလို
in the same way                        - ဤနည်းအတိုင်း
as if                                          - ဘိသကဲ့သို့
as though                                  - ဘိသကဲ့သို့


Adverb Clause of Place [P]

You can’t live where you like.
မင်းကြိုက်တဲ့နေရာမှာ နေလို့မရပါ။

နေရာပြ စကားဆက်များ
wherever                                  - ဘယ်နေရာဖြစ်ဖြစ်
anywhere                                  - မည်သည့်နေရာမဆို
everywhere                               - နေရာတကာ


Adverb Clause of Time [T]
Tell him as soon as he arrives.
သူရောက်ရင် ရောက်ခြင်း သူ့ကို ပြောလိုက်ပါ။

အချိန်ပြ စကားဆက်များ
as soon as                                 - လျှင် … လျှင်ခြင်း
when                                        - သောအခါ
after                                         - ပြီးနောက်
as                                             - စဉ်တွင်
as long as                                  - လျှင်
before                                       - မတိုင်မီ
by the time                                - အဲဒီအချိန်လောက်မှာ (when)
during                                       - အတောအတွင်း
once                                         - ဆိုရင်ပဲ
since                                         - ကတည်းက
no sooner than                           - လျှင် …… လျှင်ခြင်း
until/ till                                     - တိုင်အောင်
whenever                                  - ဘယ်အခါပဲဖြစ်ဖြစ်
while                                         - စဉ်တွင်

Once you’re seen one penguin, you’ve seen them all.
ပင်ဂွင်းတစ်ကောင်းကို မြင်ဖူးတယ် ဆိုရင်ပဲ ခင်ဗျား အကုန်မြင်ဖူးတာပဲပေါ့။

You can keep these records as long as you like.
ခင်ဗျားသဘောကျလျှင် ဒီဓါတ်ပြားကို သိမ်းထားနိုင်ပါတယ်။

Adverb Clause of Reason [R]
As/ Because/ Since there was very little support, the strike was not successful.
ထောက်ခံမှု အနည်းငယ်သာရသောကြောင့် သပိတ်သည် မအောင်မြင်ပါ။

Mg Hla doesn’t come today because he is not feeling well.
နေမကောင်းသောကြောင့် မောင်လှ ဒီနေ့ မလာပါ။

အကြောင်းပြချက် စကားဆက်များ
seeing that                                = သောကြောင့်
for                                            = သောကြောင့်

Adverb Clause of Purpose [P]
            ရည်ရွယ်ချက်ကို ပြသော စကားဆက်များဖြစ်သော ‘စေရန်’ ၊  ‘အလို့ငှာ’ ၊ ‘စိုးလို့’  ဟုအနက်ရသော စကားဆက်များဖြစ်သည့် so that, in order that, in case, lest and fear that တို့ဖြင့်ရေးသားသော Clauses များဖြစ်သည်။ ဥပမာ -

I’ve arrived early so that I will get a good view.
မြင်ကွင်းကောင်းကောင်းရ စေရန် ငါ စောစောရောက်တယ်။

I arrived early so as not to miss anything.
ဘယ်အရာမှ လက်မလွတ်သွားစေရန် အလို့ငှာ ငါ စောစောရောက်သည်။

in case, lest, for fear that အဆိုပါစကားဆက်များသည် ‘စိုးလို့’ ဟု အနက်ရပါသည်။

I asked them to ring first lest we were out.
ငါတို့အပြင်ရောက်နေမှာ စိုးလို့ အရင်ဖုံးဆက်ဖို့ သူတို့ကို မှာထားတယ်။
Adverb Clause of Conditional [C]
            အခြေအနေပြ စကားဆက်များပါသော Clauses များဖြစ်သည်။ ဥပမာ -
If the rain stops, we’ll be able to go for a walk.
မိုးတိတ်လျှင် ငါတို့လမ်းလျှောက်ထွက်နိုင်တာပေါ့။
အခြေအနေပေး စကားဆက်များ နှင့် ပတ်သက်၍ ‘if’ အကြောင်းကို အနည်းငယ် တင်ပြရန်လိုအပ်ပါသည်။ အကျယ်ကို သိလိုပါလျှင် အလွန်များပြားသောကြောင့် သီးသန့် ခေါင်းစဉ်ဖြင့် ရေးမှသာ ပြည့်စုံပါလိမ့်မည်။ ဤ Adverb Clause of Conditional ကဏ္ဍတွင် စာဖတ်သူများ မြန်မာ ပြန်ဆိုရာတွင် လွယ်ကူစေရုံသာ တင်ပြသွားပါမည်။
‘if’ ကို အခြေခံအားဖြင့် ပုံစံ (၃) မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ -
1.     If + S + present, S + will + v.
If I lose my job, I will go abroad.
အလုပ်မရှိရင် ငါ နိုင်ငံခြားသွားမယ်။

2.     If + S + past, S + would + v.
If I lost my job, I would go abroad.
ငါသာ အလုပ်မရှိခဲ့ရင် နိုင်ငံခြားသွားမှာ။
(အခု အလုပ်ရှိတယ် သွားဖို့ မလိုပါ။)

3.     If + S + had+ past participle, S + would have + past participle.
If I had lost my job, I would have gone abroad.
အလုပ်သာမရှိရင် ငါ နိုင်ငံခြားသွားကောင်း သွားရမယ်။
(အလုပ်လည်းရှိ၊ လစာလည်းကောင်း၍ သွားရန် ဖြစ်နိုင်ခြေ မရှိသလောက် အခြေအနေကို ပြသည်။)

‘if’ ကို ‘ရင်’ ၊ ‘လျှင်’ ဖြင့်သာ အဓိပ္ပာယ် ကောက်ရပါသည်။

            ဖော်ပြပါ ပုံစံ (၃) မျိုးမှ ခွဲထွက်လာသော ပုံစံကွဲများ များစွာရှိပါသည်။ ၎င်းတို့အနက်မှ စာဖတ်သူ အခက်အခဲ ဖြစ်စေနိုင်သော ပုံစံကို အနည်းငယ် တင်ပြပါမည်။

ပုံစံ (၁)
If + should
If he should call, tell him I’ll ring back.
သူဖုံးခေါ်ရင် ငါ ပြန်ဆက်မယ်လို့ ပြောလိုက်။

အထက်ပါပုံစံ If + should ကို If ဖြုတ်ကာ ရေးနိုင်ပါသည်။
Should he call, tell him I’ll ring back. (အဓိပ္ပာယ်အတူတူပင် ဖြစ်ပါသည်။)

ပုံစံ(၂)
Imperative + Conjunction + Clause
အမိန့်ပေး/ ခိုင်းစေ + စကားဆက် + ဝါကျခွဲ
(အနက်ကောက်သောအခါ ‘လျှင်’ ဖြင့်သာ ကောက်ရမည်။) ဥပမာ -

Fail to pay and, they’ll cut off the electricity.
ငွေပေးဖို့ ပျက်ကွက်လျှင် သူတို့ကို မီးဖြတ်လိမ့်မယ်။

Tell us what to do and, we’ll get on with it.
ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ ပြောရင် ကျွန်တော်တို့ ဆက်လုပ်မှာပေါ့။

Stop eating sweets, or you won’t get any dinner.
အချိုတွေစားတာ မရပ်ဘူးဆိုရင် မင်း ညစာစားလို့ရမှာ မဟုတ်ဘူး။

Take a taxi, or you will miss the train.
အငှားယဉ် မခေါ်ဘူးဆိုရင် မင်း ရထားလွတ်သွားလိမ့်မယ်။
ပုံစံ(၃)
If + were to + would
If the government were to cut tax, price would fall.
အစိုးရကသာ အခွန်လျှော့ရင် ဈေးကျမှာ။ ( အစိုးရက အခွန်မလျှော့)
၎င်းဝါကျကို ‘if’ ဖြုတ်ကာ were ရှေ့ထုတ်ပြီးရေးနိုင်ပါသည်။ (အဓိပ္ပာယ်တူပါသည်။)
Were the government to cut tax, price would fall.

ပုံစံ(၄)
Had + S + Past Participle
မူရင်းပုံစံ (၃) – If + S + had + Past Participle ကို ‘if’ ဖြုတ်ပြီး ရေးထားခြင်း ဖြစ်သည်။ ( အဓိပ္ပာယ် အတူတူပင် ဖြစ်သည်။) ဥပမာ -
Had the management acted sooner, the strike wouldn’t have happened.
အုပ်ချုပ်ရေးဌာနက အလျှင်အမြန်ဆောင်ရွက်ခဲ့လျှင် သပိတ်တိုက်ပွဲ ဖြစ်စရာ အကြောင်းမရှိပါ။ ( အုပ်ချုပ်ရေးဌာနက ဘာမှ မဆောင်ရွက်ခဲ့)

‘If’ နှင့် အနက်တူသော စကားဆက်များ
as long as                                  - လျှင်
assuming that                            - လျှင်
even if                                      - ဆိုရင်တောင်မှ
if only                                       - သို့မှသာ
on the condition that                   - လျှင်
provided/ providing that              - လျှင်
so long as                                  - လျှင်
if not/ unless                              - မဟုတ်ဘူးဆိုရင်
suppose that                              - လျှင်
supposing that                           - လျှင်
what if                                      - ဆိုရင်ကော
say                                           - ဆိုရင်ကော
if so                                          - ဒီလိုဆိုရင်
in that case                                - ဒီလိုဆိုရင်
then                                          - ဒီလိုဆိုရင်

အထက်ပါ စကားဆက်ပုံစံများအတွက် နမူနာ ဝါကျ အနည်းငယ် တင်ပြပါမည်။
What if/ Say he gets home before us and can’t get in?
သူ ကျွန်တော်တို့ အရင်အိမ်ရောက်နေရင်ကော သူအိမ်ထဲဝင်နိုင်ပါ့မလား။

He may be busy, if so, (in that case) I’ll call later.
သူအလုပ်များနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော်နောက်မှ ပြန်ဆက်လိုက်မယ်။

‘if’ အစားသုံးသော အခြားပရိယာယ်များ
With luck, we’ll be there by tomorrow.
ကံကောင်ရင်တော့ မနက်ဖြန် ကျွန်တော်တို့ ရောက်လိမ့်မယ်။

Give time, they’ll probably agree.
သူတို့ကို အချိန်ပေးမယ်ဆိုရင် သူတို့ သဘောတူမှာပါ။

To hear him talk, you’d think he was a Prime Minister.
သူ့စကားသံကို ခင်ဗျားကြားလို့ရရင် သူ့ကို ဝန်ကြီးချုပ်လို့တောာင် ထင်မှာ။

Without you help, I couldn’t have done it.
ခင်ဗျားအကူအညီသာမရရင် အဲဒါ ကျွန်တော်လုပ်လို့ ရမှာ မဟုတ်ဘူး။

In different circumstance, I would have said yes.
အခြေအနေသာ အပြောင်းအလဲရှိမယ်ဆိုရင် ဟုတ်ကဲ့ လို့ ကျွန်တော် ပြောမိမှာ။
Adverb Clause of Comparison [C]
နှိုင်းယှဉ်ပြ စကားဆက်များဖြစ်သော ‘သလောက်’ ၊ ‘ထက်’ ဟု အဓိပ္ပာယ် ရသော စကားဆက်များဖြစ်သည့် ‘as … as’, ‘more … than’, less …than’ တို့ဖြင့် ရေးသားထားသော Clauses များဖြစ်သည်။ ဥပမာ -

She is as beautiful as an actress.
မင်းသမီးတစ်ယောက် လှသလောက် သူ လှပါတယ်။

He is not so tall as his brother.
သူ့ညီ အရပ်ရှည်သလောက် သူ အရပ်မရှည်ပါ။

Airplane is faster than car.
ကားထက် လေယဉ်ပျံက ပိုမြန်တယ်။

The more you practise the better you get.
မင်းလေ့ကျင့်လေလေ ပိုကျွမ်းကျင်လေလေ ပဲ။

Adverb Clause of Contract [C]
            ဆန့်ကျင်ဖက် အဓိပ္ပာယ် ဖြစ်စေသော ‘သို့ပေမယ့်’ ၊ ‘သော်ငြားလည်း’ စသော စကားဆက်များဖြစ်သည့် although, considering that, though, even though, even if, much as …, while, where as, how ever much/ badly/ good, no matter how စသည်တို့ဖြင့် ရေးသားထားသေ Clause များဖြစ်သည်။ ဥပမာ -

Although he works hard, he doesn’t get success.
သူ ကြိုးစားပေမယ့် အောင်မြင်မှု မရဘူး။


I intend to go to Bagan, even if bus fares goes up again.
ကားခ တက်သွားပေမယ့် ပုဂံကို သွားဖို့စိတ်ကူးတယ်။

Much as I’d like to help, there isn’t a lot I can do.
ကျွန်တော် ကူညီချင်ပေမယ့် အများကြီးတော့ မတတ်နိုင်ဘူး။

Adverb Clause of Qualification [Q]
            အကျိုးပြ စကားဆက်များဖြစ်သော ‘လောက်အောင်ကို’ ဟု အနက်ရသည့် ‘so … that’, ‘such … that’ စသည့် တို့ဖြင့်ရေးသော Clauses များဖြစ်သည်။ ဥပမာ -

His reactions are so quick that no one can match him.
သူ့ကို မည်သူမျှ မယှဉ်နိုင်လောက်အောင်ကို သူ့တုန့်ပြန်မှုများက မြန်ဆန်တယ်။

They are such wonderful players that no one can beat them.
ဘယ်သူကမှ သူတို့ကို မနိုင်လောက်အောင်ကို တော်သော အားကစားသမားများ ဖြစ်သည်။


            Adverb Clauses များသည် အမျိုးအစား အများဆုံးနှင့် အသုံးအများဆုံး တွေ့ရမည် ဖြစ်သောကြောင့် ထပ်ခါ ထပ်ခါ ဖတ်ကာ လေ့ကျင့်စေလိုပါသည်။



ဆရာကြီး ဦးမြကြိုင် ကိုယ်တိုင် သင်ကြားပို့ချမှုကို ဖော်ပြပါ link တွင် ကြည့်ရှု ဆည်းပူးနိုင်ပါသည်။

 http://www.youtube.com/watch?v=sE4Dt2mWiPc

အင်္ဂလိပ်စာဗဟုသုတ တိုးပွားကြပါစေ

မောင်ပေါက်

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: မိမိသုံးနေတဲ့ အင်တာနက် Connection ကို WiFi အဖြစ်ြ...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: မိမိသုံးနေတဲ့ အင်တာနက် Connection ကို WiFi အဖြစ်ြ...:  ကိုယ်အသုံးပြုနေတဲ့ အင်တာနက် Connection ကို WiFi အဖြစ် အခြား Devices တွေဖြစ်တဲ့ Android Phones, iPad/iPhone, PDAs, tablet-pcs and ot...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: How To Speed Up Your Galaxy S3 In Two Minutes

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: How To Speed Up Your Galaxy S3 In Two Minutes: How To Speed Up Your Galaxy S3 In Two Minutes စာဖတ်သူက Samsung Galaxy S3 ကိုင်နေတဲ့ သူထဲက တစ်ယောက်ဆိုရင် ကိုယ့်လက်ထဲမှာ S3 ရှိတာ ...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Netguide Journal Vol (2), Issue (83) (8.5.13)

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Netguide Journal Vol (2), Issue (83) (8.5.13): NetGuite ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ NetGuide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Viber ကို PC ပေါ်မှာ အမှန်တကယ်သုံးနိုင်ပြီ (Video C...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Viber ကို PC ပေါ်မှာ အမှန်တကယ်သုံးနိုင်ပြီ (Video C...:   အခုနောက်ပိုင်းလူသုံးများလာတဲ့ Viber ကို PC မှာ အမှန်တကယ်ခေါ်နိုင်ပါပြီဗျာ။ အရင်တုန်းကလည်း PC မှာသုံးဖို့ဆိုပြီး ကျွန်တော်တင်ပေးဖူးပါ...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: ဥပဒေစာအုပ်များ - အပိုင်း(၁)

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: ဥပဒေစာအုပ်များ - အပိုင်း(၁):   ကိုတိုး : ကိုပေါက်. ကျွန်တော့်ကို ဥပဒေ စာအုပ်လေးတင်ပေးပါလားဗျာ၊ အပြင်မှာ ၀ယ်ရတာ သိပ်ဈေးကြီးတယ်.. ရနိုင်သလောက်ပေါ့၊ ကျေးဇူးတင်ပါတယ်၊ ...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Google Chrome 26.0.1410.64 Stable

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Google Chrome 26.0.1410.64 Stable: Browser ပဲဖြစ်ဖြစ် Application Software တွေပဲဖြစ်ဖြစ်.. Beta Version ဆိုတာ Programmer တွေက တီထွင်ထုတ်လုပ်ပြီးခါက Version တွေဖြစ်ပါတယ်.....

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Linux ဆိုတာတောင် လုံးဝမသိသေးတဲ့ beginner တွေအတွက...

ဝင်းကမ္ဘာကျော် {Full Version Software Free Download}: Linux ဆိုတာတောင် လုံးဝမသိသေးတဲ့ beginner တွေအတွက...: Extra Plus အနေနဲ့ Ubuntu Myanmar LoCo Team အကြောင်းပါဝင်ပါ့မယ် ။  စာအုပ်ကို Linux ဆိုတာတောင် လုံးဝမသိသေးတဲ့ beginner တွေအတွက်...

Condensed of Composition (ဝါကျဖွဲ့ထုံး အနှစ်ချုပ်) အပိုင်း - ၂ (Phrases)

Condensed of Composition (ဝါကျဖွဲ့ထုံး အနှစ်ချုပ်) အပိုင်း - ၂ (Phrases)


2. Phrases (စကားစု/ ပုဒ်)
Phrase ဆိုသည်မှာ စကားစုသာ ဖြစ်ပါသည်။ Phrase များကို လေ့လာကြည့်လျှင် ဝါကျပေါ်တွင် တည်ရှိနေသော နေရာအပေါ်တွင် မူတည်ကာ အခြေခံအားဖြင့် (၃) မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ _

1)    Noun phrase
2)    Adjective phrase
3)    Adverb phrase 

(ဆိုလိုသည်မှ Noun နေရာတွင်ရှိသော phrase ကို Noun phrase ဟုခေါ်နိုင်ပြီး ထို့အတူ Adj, Adv နေရာများတွင်ရှိသော phrase များကို Adj phrase, Adv phrase ဟုခေါ်နိုင်ပါသည်။)

Noun phrase [ S, O, C ]

Noun နေရာတွင် တည်ရှိနေသော phrase များကို Noun phrase ဟု သတ်မှတ်နိုင် သောကြောင့် ဝါကျတစ်ကြောင်း ပေါ်တွင် Noun တည်ရှိနေသော နေရာများကို ဦးစွာသိရှိ ရမည် ဖြစ်ပါသည်။ ဝါကျတစ်ကြောင်းတွင် “ကတ္တား (Subject)”၊ “ကံပုဒ် (Object)” နှင့် “အဖြည့်ပုဒ် (Complement)” ၃ နေရာတွင် Noun ကိုတွေ့ရှိနိုင်ပြီး ၎င်းနေရာများတွင် တည်ရှိနေသော phrase များကို Noun phrase များဖြစ်ပါသည်။ မြန်မာဘာသာသို့ အဓိပ္ပာယ် ပြန်ဆိုရာတွင် Subject နေရာတွင်ရှိသော Noun phrase အတွက် “သည်”၊ Object နေရာတွင်ရှိသော Noun phrase အတွက် “ကို”၊ Complement နေရာတွင်ရှိသော Noun phrase အတွက် “သည်” စသည်ဖြင့် အနက်ကောက် ရပါမည်။

A tall young beautiful girl is my sister.
  S ( N phrase)
အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးသည် ကျွန်တော့် အစ်မ ဖြစ်သည်။

I saw a tall young beautiful girl.
                  O (N phrase)
အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးကို ကျွန်တော် တွေ့ခဲ့ပါသည်။


Ma Ma is a tall young beautiful girl.
                        C (N phrase)
မမသည် အရပ်ရှည်၍ ငယ်ရွယ်ပြီး ချောမော လှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

v  what, where, when, why, whether, who စသည့် “wh” စကားလုံးများ ဖြင့်လည်း Noun phrase ကို ရေးသားနိုင်သည်။

ဥပမာ _

I don’t know what to do.
ဘာလုပ်ရမှန်းကို ကျွန်တော်မသိဘူး။

How to do is my problem.
ဘယ်လုပ်လုရမယ်ဆိုတာသည် ကျွန်တော့်ပြဿနာ ဖြစ်သည်။

She can’t decide where to go.
ဘယ်သွားရမလဲဆိုတာကို သူ မဆုံးဖြတ်တတ်တော့ပါ။


Adjective phrase [after Noun, Complement]

            Noun ၏အနောက် နှင့် Complement နေရာတွင် Adjective phrase ကိုတွေနိုင်သည်။ Noun ၏အနောက်တွင် ရှိသော Adjective phrase သည် သူ့ရှေ့မှာရှိသော Noun ကို အထူးပြုရန်ဖြစ်ပြီး Complement နေရာတွင်ရှိသော Adjective phrase ၏ရှေ့တွင် အထူးပြုရန်အတွက် Noun မရှိသော်လည်း အသံ ပိုမို သာယာစေရန်နှင့် အဓိပ္ပာယ် ပိုမို လေးနက်စေရန်အတွက် Adjective အဖြစ်ရှိနေသော မူလ စကားလုံးကို Adjective phrase အဖြစ်ပြောင်းရေးရခြင်း ဖြစ်ပါသည်။ ဥပမာ _

A man in the car is my uncle.
ကားထဲတွင်ရှိသော လူကြီးသည် ကျွန်တော့် ဦးလေး ဖြစ်သည်။

I took a book on the table.
စားပွဲပေါ်တွင်ရှိသော စာအုပ်ကို ကျွန်တော် ယူခဲ့သည်။

Ø  ပထမ ဝါကျတွင် Subject နေရာတွင်ရှိသော Noun ဖြစ်သည့် a man ကို ၎င်းနောက်တွင်ရှိသည့် in the car ဟူသည့် phrase က အထူးပြုသည့်အတွက် Adjective phrase ဖြစ်သည်။ ဒုတိယဝါကျတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။

My mother is healthy.
                      Adj
My mother is in good health.
                      Adj phrase

Ø  healthy နှင့် in good health တွင် in good health က healthy ထက် ပိုမို အသံသာယာ သောကြောင့် Adjective phrase အဖြစ် ပြောင်းလဲရေးသားခြင်း ဖြစ်သည်။

It is important.
            Adj
It is of vital importance.
        Adjective phrase

It is important ဆိုသည်မှာ သာမန်အရေးကြီးခြင်းပင်ဖြစ်သည်။ ပို၍ အဓိပ္ပာယ် လေးနက်စေလို သောကြောင့် အသက်တမျှဟူသည့် Adj နောက်တစ်ခု vital ကို ထည့်ပေးခြင်း ဖြစ်သည်။ သို့ရာတွင် vital နှင့် important နှစ်ခုလုံး Adj ဖြစ်နေသည့် အတွက် important ကို noun (importance) အဖြစ်ပြောင်းပြီး ရှေ့တွင် of ထည့်ပေးရသည်။ of vital importance သည် အဓိပ္ပာယ် ပိုမို လေးနက်စေလိုသော ကြောင့် ပြောင်းလဲ ရေးလိုက်သော Adjective phrase ဖြစ်သည်။

Adverb phrase [ D, M, P, T, R or P ]

            Noun phrase နှင့် Adjective phrase တို့ကို နေရာ သတ်မှတ်၍ ရသော်လည်း Adverb သည် Verb, Adjective, Adverb သုံးခုကို အထူးပြုသောကြောင့် နေရာ အတိအကျ သတ်မှတ်ရန် မလွယ်ကူပါ။ သို့ရာတွင် Adverb ကို အခြေခံအားဖြင့် အမျိုးစား ၅ မျိုးတွေ့နိုင်ပါသည်။ ၎င်းတို့မှာ _

Direction                       - လားရာ/ ဦးတည်ရာပြပုဒ်စု         (D)
Manner                         - အမူအယာပြ ပုဒ်စု                    (M)
Place                             - နေရာပြ ပုဒ်စု                          (P)
Time                             - အချိန်ပြ ပုဒ်စု                          (T)
Reason (or)                   - အကြောင်းပြချက် (သို့မဟုတ်)   
Purpose                           ရည်ရွယ်ချက်ပြ ပုဒ်စု                 (R or P)
                                                                               
ဥပမာ -

-       He went up to the counter. (D)

-       They play in happiness. (M)

-       It is warm in the house. (P)

-       He gets up at six o’ clock. (T)

-       He lives to work. ( R or P)


He goes to school on foot in Insein in the morning to study his lessons.
               D            M          P             T                    R or P
သူ၏ သင်ခန်းစာများကို လေ့လာရန် နံနက်ခင်းတွင် အင်းစိန်မှ ခြေကျင် ကျောင်းသို့သွားသည်။



      အဓိပ္ပာယ်ကို ဘာသာပြန်သည့်အခါ D, M, P, T, R or P ကို အစဉ်လိုက် နောက်ဆုံးမှ စတင်ကာ အနက်ကောင်သည်ကို မှတ်သားရပါမည်။


[ Adverb phrase များကို ဖော်ပြလိုသည့် ပုံစံအပေါ် မူတည်ကာ အရှေ့၊ အနောက် ပြောင်းလည်း ရေးသားနိုင်သော်လည်း မကျွမ်းကျင်သေးသည့် အချိန်တွင် D, M, P, T, R or P အစီအစဉ်အတိုင်းသာ ရေးသားစေလိုပါသည်။ ကျွမ်းကျင် တတ်မြောက်သည့် အချိန်တွင် မိမိ ဖော်ပြသလို နေရာများ ပြောင်းလဲ ရေးသားနိုင်ပါသည်။]


     Adjective phrase နှင့် Adverb phrase ရောနှောနေပါလျှင်လည်း နောက်ဆုံးကသာ စတင်ကာ ဘာသာပြန်ရပါမည်။



ဥပမာ _  He goes to school in Sanchaung.
                           Adv (D)    Adj phrase        

ဖော်ပြပါ ဝါကျတွင် in Sanchaung သည် ရှေ့တွင်ရှိသော school (n) ကို အထူးပြု သောကြောင့် Adjective phrase ဖြစ်ပြီး စမ်းချောင်းတွင်ရှိသော ကျောင်းသို့ ဟု (သော)ဖြင့် အနက်ကောက် ရပါမည်။

ဖော်ပြပါ link တွင် ဆရာကြီး ဦးမြကြိုင် ကိုယ်တိုင် သင်ကြားပို့ချမှုကို ကြည့်ရှုကာ လေ့လာ ဆည်းပူးနိုင်ပါသည်။
https://www.youtube.com/watch?v=_z-IoBp7Ux4

This post is copy from maung pauk.blogspot.com

လွင်မင်းဗိုလ်(နည်းပညာ): Avira AntiVir Rescue System - May 7, 2013

လွင်မင်းဗိုလ်(နည်းပညာ): Avira AntiVir Rescue System - May 7, 2013: ဒီကောင်လေးကလည်း ဗိုင်းရပ်စ်သတ်တဲ့ Rescue Disk ဆော့ဝဲလ်တွေထဲက တခုပါပဲ..။ ဝင်းဒိုးအယ်ရာတွေနဲ့ ဗိုင်းရပ်စ်မျိုးစုံကို ဒီကောင်လည်းနဲ့ ရှင်...

Mouse အသုံးပြုပုံ

Mouse အသုံးပြုပုံ

                                   
ကွန်ပျူတာကို ကိုင်ပြီဆိုကတည်းက မောက်စ်ကို တချိန်လုံး ကိုင်နေရပါတယ်.. ဒါကြောင့် မောက်စ်ကိုဘယ်လိုသုံးလဲ.. နောက်ပြီး မောက်စ်ရဲ့ အခေါ်အဝေါ်လေးတွေလည်း သိဖို့ လိုအပ်လာပါတယ်.. ကျနော်တို့ မောက်စ်ကို ညာဘက်လက်နဲ့ ကိုင်တဲ့လူတစ်ယောက်ဟာ (ဘယ်နဲ့ကိုင်တဲ့ ဘယ်ကျော်တွေ ရှိလို့ပါ) မောက်စ်ရဲ့ ခလုတ်နှစ်ခုပေါ်မှာ လက်ညိုးတချောင်းနဲ့ လက်ခလယ်တချောင်း တင်ပြီးတော့ နှိပ်ကျပါတယ်..။ လက်ညိုးခလုတ်ကိုတော့ Left Click လို့ခေါ်ပြီး ၊ လက်ခလယ် ခလုတ်ကိုတော့ Right Click လို့ခေါ်ပါတယ်..။
လက်ညိုးတင်ထားတဲ့ခလုတ်ကို တခါနှိပ်ဖို့ပဲ လိုတယ်ဆိုရင်တော့ တချက်ကလစ်ပေးပါလို့ သုံးကျပါတယ်....။ နှစ်ခါနှိပ်ရမယ် ဆိုရင်တော့ Double Click နှိပ်ပေးပါလို့ သုံးကျပါတယ်..။ ကွန်ပျူတာမှာ Right Click ရဲ့ အခန်းကလည်း အရေးပါပါတယ်..။ ကွန်ပျူတာထဲက ဖိုင်တွေ၊ သီချင်းတွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ တခြားဆော့ဝဲလ်တွေကို တစ်နေရာကနေ တခြားတစ်နေရာကို (ဥပမာ- Pendrive လို မန်မိုရီ ကတ်တွေထဲ ထည့်ချင်တဲ့အခါ) ကော်ပီကူးချင်တဲ့အခါ Right Click ကနေ copy paste နဲ့ ကော်ပီကူးရပါတယ်..။ အင်တာနက်က စာတွေ ဓါတ်ပုံတွေ ကော်ပီကူးတဲ့အခါ မောက်စ်ရဲ့ Right Click နဲ့ အလုပ်လုပ်ရတာပါ.. ဒါကြောင့် ကိုယ်သုံးနေတဲ့ မောက်စ်ကို အရင်စမ်းကြည့်လိုက်ပါ .. ခလုတ်တွေများ လွတ်နေလား.. ပျက်နေလားလို့ပေါ့.. မောက်စ်ကောင်းဖို့လိုပါတယ်.. စမ်းကြည့်လိုက်ပါဗျာ..
You might also like:

Shut down, Restart, Sleep

ပထမဆုံးသိဖို့လိုတာက Shut down, Restart, Sleep

ပထမဆုံး စက်ဖွင့်တာတော့ သိကြပါတယ် ..။ ပါဝါခလုတ်ကို ဖိပြီးနှိပ်လိုက်ရင် စက်ပွင့်သွားပါပြီ.. စက်ပွင့်ပွင့်ချင်း သုံးလို့မရသေးပါဘူး ..။ ခဏတော့ စောင့်ပေးရမှာပါ.. ဘာလို့လည်းဆိုတော့ ကွန်ပျူတာက သူ့ရဲ့ ဟတ်ဒစ်ထဲမှာရှိတဲ့ ဆော့ဝဲလ်တွေကို နေရာချနေလို့ပါ...။ အဲဒီလိုအချိန်မှာ မောက်စ်ရဲ့ဘေးမှာ အလုံးလေးက လည်နေပါလိမ့်မယ်..။ အဲဒီလည်နေတဲ့ အလုံးကလေး ပျောက်သွာပြီဆိုမှ ကိုယ်လုပ်ချင်တာကို လုပ်ရမှာပါ..။ ကိုယ်သုံးချင်တာတွေသုံးပြီးလို့ စက်ပိတ်တော့မယ် ဆိုရင်တော့ Start ကိုအရင်သွားပါ ..။ တချက်တောက်လိုက်ရင် Box ကျလာပါလိမ့်မယ်..။
အဲဒီထဲမှာ Shut down ကိုနှိပ်လိုက်ပါ..။ ဒါဆိုရင် စက်က အပြီးပိတ်သွားပါပြီ..။ တကယ်လို့ စက်ကိုခဏအနားပေးမယ်ဆိုရင် ၊ ဒါမှမဟုတ် ကိုယ်က ကိစ္စပေါ်လာလို့ အပြင်သွားရမယ်၊ အိမ်သာသွားမယ်ဆိုရင် စက်ကို Sleep နဲ့ထာခဲ့လို့ရပါတယ်..။ Sleep ကတော့စက်ကို ခဏအိပ်ခိုင်းတဲ့ သဘောပါ..။ ခဏအနားပေးလိုက်တာပါ..။ စက်ထဲမှာကိုယ်လုပ်ထားတဲ့အလုပ်တွေ ၊ ကိုယ်ဖွင့်ထားတဲ့ဖိုင်တွေ ဒီအတိုင်းရှိနေပါတယ်.. ပျက်မသွားပါဘူး..။ ကိုယ်အားတဲ့အချိန်မှ စက်ရဲ့ခလုတ်တခုခုကိုနှိပ်လိုက်ပါ..။ ဒါမှမဟုတ် ပါဝါခလုတ်ကို နှိပ်လိုက်ပါ..။ ကိုယ်ထားခဲ့တဲ့အတိုင်း အားလုံးရှိနေပါတယ်..။ ပျက်မသွားပါဘူး...။ နောက်တစ်ခုက Restart ပါ .. ။ သူကတော့ စက်ကို ပိတ်ပြီး သူ့အလိုလို ပြန်ပွင့်လာစေပါတယ်..။ ဘယ်အခါမျိုးတွေမှာ အသုံးများလဲဆိုတော့ ကွန်ပျူတာကို အမှိုက်တွေရှင်းတဲ့အခါမျိုးတွေ၊ ဖိုင်စီတဲ့အခါမျိုးတွေ (ဖိုင်စီနည်း နောက်မှပြောပြပါမည်)၊ တချို့ဆော့ဝဲလ်သွင်းတဲ့ အခါမျိုးတွေ (ဥပမာ ဇော်ဂျီမြန်မာဖောင့်၊ nero burning studio ဆိုတဲ့ဆော့ဝဲလ်မျိုးတွေ စက်ထဲသွင်းပြီးတဲ့အခါမျိုးတွေမှာ) Restart ကိုသုံးရပါတယ်...။ 
     Windows7 ခေတ်ဖြစ်နေတဲ့အတွက် Windows7 မှာအသုံးပြုနိုင်တာတွေကိုပဲ ဦးစားပေးတင်ပေး သွားမှာပါ.. Windows XP နဲ့ Windows Vista တွေမှာလည်း အသုံးပြုနိုင်ပါတယ်.. အနည်းငယ်ပဲကွာတာပါ..။
You might also like:

လွင်မင်းဗိုလ်(နည်းပညာ): Files စီနည်း

လွင်မင်းဗိုလ်(နည်းပညာ): Files စီနည်း: ကျနော်တို့ ကွန်ပျူတာကို အသုံးပြုလာတာ ကြာလာတာနဲ့ အမျှ ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေဟာ ဖရိုဖရဲနဲ့ ဟိုရောက်ဒီရောက်ဖြစ်နေပါတယ်..။ အဲဒီလိုဖြစ်နေ...

လွင်မင်းဗိုလ်(နည်းပညာ): K-Lite Codec Pack 9.9.0.0 Full Final - (Windows Me...

လွင်မင်းဗိုလ်(နည်းပညာ): K-Lite Codec Pack 9.9.0.0 Full Final - (Windows Me...: ဒါကတော့ K-Lite Codec Pack 9.9.0.0 Full Final ဗါးရှင်းလေးပါ..။ ကျန်ခဲ့တဲ့ ၃၊၄-ရက်က Cbox မှာ အစ်ကိုတစ်ယောက်က Flash Songs တွေ ဖွင့်မရလို့ မေ...

လွင်မင်းဗိုလ်(နည်းပညာ): Advanced SystemCare Free 6.2.0.254 (0424) Final


သူရိန်ဖြိုး(နည်းပညာ)

): Advanced SystemCare Free 6.2.0.254 (0424) Final: အရင်တုန်းကလည်း ဒီကောင်လေး Update ထွက်တိုင်း တင်ပေးခဲ့ဖူးပါတယ်..။ အခုဒီဗါးရှင်းကတော့ Advanced SystemCare Free 6.2.0.254 (0424) Final နောက...

Hard Disk ကို Partition ခွဲနည်း

Hard Disk ကို Partition ခွဲနည်း


ဒီနည်းကတော့ Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေ ခွဲပြီး မိမိတို့ သိမ်းချင်တာတွေကို ခွဲသိမ်းလို့ ရပါတယ်..။ Windows XP မှာဆိုရင်တော့ Partition ခွဲရင် ဆော့ဝဲလ်နဲ့ ခွဲရပါတယ်..။ Windows7 မှာတော့ ဆော့ဝဲလ်မလိုပါဘူး..။ ဒီမှာပြထားတဲ့ နည်းအတိုင်းပဲ Partition ခွဲကြပါတယ်..။ နောက်တခုက အဲလို Partition တွေခွဲပြီး ဝင်းဒိုး နှစ်ခု၊သုံးခု တင်ထားကြပါတယ်..။ သဘောကတော့ စပါယ်ယာပါတ် အပိုထားတဲ့ သဘောပါပဲ..။ ပုံမှန်သုံးနေတဲ့ ဝင်းဒိုးက တခုခုဖြစ်လာခဲ့ရင် နောက်တခုကို အလွယ်ဖွင့်သုံးနိုင်အောင်လို့ပါ..။ လက်ရှိသုံးနေတဲ့ အချိန်မှာ  အဆင်ပြေအောင်လို့ ဝင်းဒိုးအပို တင်ထားခြင်းပဲ ဖြစ်ပါတယ်..။ ပျက်သွားတဲ့ ဝင်းဒိုးကို အားတဲ့အခါမှ ပြန်ပြင်လို့ ရပါတယ်..။ ဒါကြောင့် Partition မခွဲတတ်သေးတဲ့သူများအတွက် ဒီနေ့ ဒီပို့စ်လေးကို တင်လိုက်ရပါတယ်..။
လုပ်ပုံလုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..။ လုပ်နည်းလွယ်ပေမယ့် ပုံတော့ နည်းနည်းများပါတယ်..။ မသိသေးတဲ့ ညီအစ်ကိုမောင်နှမများကတော့ အောက်ကပုံလေးတွေ ကြည့်ပြီး လေ့ကျင့်ခန်းတခုအနေနဲ့ လိုက်လုပ်ကြည့်လိုက်ပါဗျာ..

ဒီပုံကတော့ ပါတေးရှင်းမခွဲခင် မြင်ရတဲ့ပုံပါ..

ပါတေးရှင်းခွဲဖို့ အရင်ဆုံး Computer မှာ Right Click ထောက်ပါ..။ အောက်ပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..


ဒါကတော့ မိမိတို့ ပါတေးရှင်းခွဲထုတ်ချင်တဲ့ အပိုင်းပေါ်မှာ Right Click ထောက်ပြီး အောက်ပုံအတိုင်း နှိပ်သွားလိုက်ပါ..။



အပေါ်ပုံလေးအတိုင်း ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်...


ဒီအဆင့်ကိုရောက်ရင် မိမိတို့ ခွဲထုတ်ချင်သလောက် GB ပမာဏကို ရိုက်ထည့်ပါ..။ အပေါ်ပုံမှာ သူပေးသလောက်ကို ယူရင်လည်းရပါတယ်..။ သူပေးသလောက်ထက် ပိုယူချင်လို့တော့ မရပါဘူး..။ ဒီပုံမှာတော့ သူပေးထားတာများနေလို့ ကျနော်က ရှော့ယူလိုက်ပါတယ်..။ ဒါကြောင့် 50 GB ရအောင် အောက်ကပုံအတိုင်း MB ပမာဏကို ရိုက်ထည့်လိုက်ပါတယ်... ရိုက်ထည့်ပြီးရင်တော့ 6 နေရာကို နှိပ်လိုက်ပါ.. 


အောက်ပုံအတိုင်း ပါတေးရှင်း အသစ်ထွက်လာတာကို မြင်ရပါလိမ့်မယ်.. ဒါပေမယ့် အသုံးပြုလို့ မရသေးပါဘူး..။ အသုံးပြုလို့ ရအောင် သူ့ကို New Simple Volume လုပ်ပေးရပါမယ်.. ဒါကြောင့် အသစ်ထွက်လာတဲ့ ၄င်းပါတေးရှင်းပေါ်မှာ Right Click ထောက်လိုက်ပါ.. ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း ဆက်နှိပ်သွားလိုက်ပါ..



ပေါ်လာတဲ့ ဘောက်စ်တွေမှာ Next ကိုပဲနှိပ်သွားလိုက်ပါ...



ဒီပုံမှာတော့ ပါတေးရှင်းကို မိမိတို့ သဘောကျတဲ့ အက္ခရာလေးတွေ တပ်ပေးလို့ ရပါတယ်..




အပေါ်ပုံ အတိုင်း Finish ပေးလိုက်ရင်တော့ အောက်ပုံအတိုင်း ပါတေးရှင်း အစိမ်းရောင်ကနေ အပြာရောင်ပြောင်းသွားရင် မိမိတို့ ခွဲထုတ်လိုက်တဲ့ ပါတေးရှင်းကို အသုံးပြုလို့ ရသွားပါပြီ...



အောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း Desktop က Computer မှာ Double Click နဲ့ ဖွင့်ကြည့်လိုက်ရင် ပါတေးရှင်းတခု ပေါ်ထွက်လာတာကို တွေ့မြင်ရပါလိမ့်မယ်...


ဒီလောက်ဆိုရင်တော့ ပါတေးရှင်းခွဲတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...

You might also like:

ဒါလေးကတော့ အွန်လိုင်းမှာလည်း တော်တော်လည်း ပျံ့နေပြီ ထင်ပါတယ်နော် ဘာဘဲဖြစ်ဖြစ်တင်ပေးလိုက်ပါတယ် အဆင်ပြေမှာပါနော်
ဟိုတလောက S4 root ဖောက်နည်းလေး တင်ပြီးသွားပြီနော် ဒီတစ်ခါကတော့ ကွန်ပြူတာကနေ ကြိုးနဲ့ထိုးလိုက်ရင် driver သိဖို့အတွက်
Usb debugging လေးကို အမှန်ခြစ်ပေးဖို့ လိုတယ်မဟုတ်လား အခုပြောမှာကတော့ အဲဒီအကြောင်းလေးပါဘဲ ခင်ဗျာ ဒါလေးသိသွားရင် အားလုံးအဆင်ပြေပြီလေ ပုံနဲ့တကွ တင်ပေးလိုက်ပါတယ်နော် 4.2.2 မှာ အားလုံး ဒီလို ပုံစံလေးပါဘဲခင်ဗျာ


1 .ပထမဦးဆုံး ဖုန်းရဲ့ settings ထဲကို ၀င်လိုက်ပါ

2. ပြီးရင် အပေါ်ဆုံး ညာဘက်နားလေးက More ကို ၀င်လိုက်ပါ ပြီးရင် About  device ထဲကို ၀င်လိုက်ပါ... အဲဒီနေရာမှာ တစ်ချက်ကြည့်လိုက်ပါ.. Date & time နဲ့ About device ကြားမှာ ဘာမှ မရှိဘူးနော် ပြီးကျရင် အဲဒီနေရာမှာ တစ်ခုခု ရှိလာပါလိမ့်မယ်

3.  ပြီးရင် Build number  လေးကို ခုနှစ်ချက် တိတိခေါက်လိုက်ပါ.. ကျွန်တော်တုန်းကတော့ ၅ချက်လောက်နဲ့ အဆင်ပြေသွားတယ်ဗျ


4.  ပြီးရင် ဘက်ကီးနဲ့ ပြန်ထွက်လိုက်ပါ... ကဲ Date and time နဲ့ About device ကြားထဲမှာ တစ်ခုခု ထူးခြားသွားပြီနော်.... ကဲ Developer options ထဲကိုဝင်ပြီးတော့ အမှန်လေးသွားခြစ်လိုက်ပါတော့ဗျာ

ဒီလိုလေးပေါ့
5. အဲဒါလေးကို အမှစ်ခြစ်ပြီးရင် အားလုံးလိုအပ်တာလေးတွေ လုပ်လို့ရပြီနော်..  video ကိုကြည့်ချင်ပါက ဒီကောင်လေးကိုဆွဲပြီးတော့ ကြည့်နော်

ဖုန်းအားလုံးကို Root လုပ်မယ်

မောင်ပေါက် မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဖုန်းအမျိုးပေါင်း 1020 ကျော် Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 ထိ Root လုပ်နိုင်တဲ့ Root Tool အသစ် SRSRoot New FREE Root tool Version 4.5

 
Android ဖုန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ Root လုပ်ကြပါတယ်။ Tool တွေကလဲတော်တော်စုံပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ UnlockRoot, SuperOneClick Root, OneClickRoot, S-Tool, M-Tool, ZhuoDaShi ------ စသည်ဖြင့်ရှိကြပါတယ်။ သူ့ဟာနဲ့သူလဲအဆင်ပြေကြပါတယ်။ တချို့ဖုန်းတွေကြတော့လည်း တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့မရပါဘူး။ ဒါကြောင့် Flash လုပ်ကြ၊ CWM သွင်းကြလုပ်ကြရပါတယ်။ အလုပ်ရှုပ်တဲ့အပြင် အဆင်မသင့်ရင် Firmware တောင်ကျသွားတယ်။ တချို့ဆိုရင် BootLoader Unlock Code တောင်းရပါသေးတယ်။ ဒီတော့တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့ရတဲ့ Tool လေးတွေကလူသုံးများပြီးပိုစိတ်ချရပါတယ်။ UnlockRoot ဆိုတော်တော်လေး ကောင်းပြီးအသုံးများကြပါတယ်။ ခုလည်း Root Tool လေးတစ်ခုတွေ့ပြန်ပါပြီ။ SRSRoot version 4.5 ပါ။ ထွက်တာ (၄)လပိုင်းလောက်ကတည်းကပါ..  (7.3 MB) ရှိပါတယ်။ Root နည်းကလဲထုံးစံအတိုင်း၊ Phone မှာ Unknown Source နဲ့ USB Debug လုပ်၊ ဖုန်းကိုကွန်ပျူတာမှာတပ်၊ Driver သိအောင်လုပ်၊ SRSRoot ကို RUN, Root Device နှိပ်။ ဒါပါပဲ။ သူလေးကလည်း 23 February 2013 နေ့ထိ ဖုန်းအမျိုးမျိုး 1020 (Android version)ကျော်ကို Root လုပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်.. စာရင်းကို ဒီမှာရေးရရင်တော့ စာမျက်နှာက အရှည်ကြီးဖြစ်နေမှာ.. ဒါကြောင့် အောက်ကလင့်မှာ သွားကြည့်စေလိုပါတယ်...

SRS-Root is an easy to use solution for rooting your android device, the software contains multiple exploits to gain root access on your device.
SRSRoot Supports Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2
We can Root latest models like Samsung Galaxy S2 / S3, Note / Note2 etc
We have an Option to remove root from your device by one-click.
Powered by SRS Server *Safe Rooting without flashing your device*