Powered By Blogger

Monday, July 8, 2013

Blog Template အစားထိုးနည်း

1. ပထမ ကိုယ့် Blogger ထဲကို Sign in ၀င်လိုက်ပါ။
2. My Blogs ဆိုတဲ့ခေါင်းစဉ်အောက်မှာ Template ဆိုတာကိုတွေ့ရဲ့လား။ အဲဒါကိုတစ်ချက် နှိပ်လိုက်ပါ။


3. Screen ရဲ့ ညာဘက်နားမှာ Backup/Restore ကို တစ်ချက်နှိပ်လိုက်ပါ။


4.အခု Template ကို အစားမထိုးခင် ကိုယ့်လက်ရှိ သုံးနေတဲ့ Template ကို သိမ်းဆည်းထားဖို့လိုမယ်လေ။ ဒါမှ အဆင်မပြေလို့ ကိုယ့် Template ကို ပြန်လိုချင်တယ်ဆိုရင် ပြန်ရအောင်ပေါ့။ Download Full Template ကိုနှိပ်လိုက်

5.အဲဒါဆိုရင် ကိုယ့် Template ကိုသိမ်းပေးဖို့ ဘောက်ကျလာမယ်လေ။ Save ကိုရွေးပြီး OK ပေါ့။


6.ခဏကြာရင်တော့ ပြီးသွားပါပြီ။ အခု Browse ကိုနှိပ်ပြီး ကိုယ်အစားထိုးမယ့် Template ရှိရာထဲက .xml ဖိုင်ကို ရွေးပေးရပါမယ်။ ပြီးရင် Open ပေါ့...



7.ကဲ အခုနေများ Upload ကိုနှိပ်လိုက်ပြီး ခဏစောင့်လိုက်ရင် ကိုယ့်ရဲ့ ဘလော့ကို Template အစားထိုးပြီးသွားပြီဖြစ်ပါတယ်...


အဆင်ပြေပါစေ.......MR COPY..........

Blog Page မှာ ပုံနှင့် ဗွီဒီယိုဖိုင်များတင်ခြင်း

MR COPY FROM MAUNG PAUK

မောင်ဥာဏ်သူ: အစ်ကိုပေါက် ကျွန်တော်ကို တစ်ခုလောက်ကူညီပါဦး ကျွန်တော်ကခုမှ ဘလော့တစ်ခု ထောင်ပါတယ် အဲဒါ Post တင်ရင် ပုံပါတွဲတင်ချင်တာ အဲဒါဘယ်လိုတင်ရသလဲ ရှင်းပြပါဦး လေးစားလျှက်..

မောင်ဥာဏ်သူအပါအ၀င် ဘလော့ကို ခုမှ စတင်လေ့လာသူတွေအတွက် ဗဟုသုတအဖြစ် အကျဉ်းရှင်းပြတင်ပေးလိုက်ပါတယ်..

1.ဓါတ်ပုံတင်မယ်ဆိုရင်.
ဘလော့ရဲ့ ပို့စ်ရေးတဲ့စာမျက်နှာထဲမှာ ကိုတင်ချင်တဲ့ နေရာမှာ ကလစ်တစ်ချက်နှိပ်လိုက်ပြီး Formatting Bar က Insert Image ဆိုတာကို နှိပ်ရမှာဖြစ်ပါတယ်..

ဒါဆိုရင်တော့ ဒီလို Select a file ဆိုတဲ့ဘောက်တစ်ခုကျလာပါမယ်..

ဒီဘောက်ထဲမှာ ဘယ်ဘက်အခြမ်းက Upload ဆိုတာက ကွန်ပျူတာက ပုံကို တင်ဖို့ပါ.. အဲဒါကိုနှိပ်ထားရင် ညာဘက်မှာ Choose Files ဆိုတာပေါ်ပါတယ်.. Choose Files ကိုနှိပ်ရင် ဘောက်တစ်ခုထွက်လာပြီး အဲဒီဘောက်ထဲမှာ ကိုယ်တင်မယ့် ဓါတ်ပုံရှိရာကိုသွား. တင်မယ့်ဓါတ်ပုံကို တစ်ချက်နှိပ်ပြီး Open ကိုနှိပ်ရပါမယ်..
ခဏနေရင် Select a file ဆိုတဲ့အကွက်ထဲကို တင်လိုက်တဲ့ဓါတ်ပုံရောက်လာပါပြီ.. ဓါတ်ပုံကို တစ်ချက်နှိပ်ပြီး Add selected ဆိုတာကိုနှိပ်လိုက်ရင် Page ထဲကို ဓါတ်ပုံရောက်လာပါပြီ

နောက်တစ်ခုက From this blog ဆိုတာပါ.. ဒါက ဒီဘလော့ထဲမှာ အရင်ကတင်ပြီးသားပုံရှိရင် အဲဒီပုံကိုပဲ သုံးမယ်ဆိုတာကိုပြောတာပါ..
ဒါတွေကို မပြောတော့ပဲ အသုံးများတာကိုပဲပြောပါတော့မယ်..
From a URL ဆိုတာပါ... ဒါကတော့ အင်တာနက်ပေါ်က ဓါတ်ပုံတွေရဲ့ URL လိပ်စာကို ထည့်ပေးရပါမယ်.. အဲဒါကတော့ Website ပေါ်က ဓါတ်ပုံတွေကို ညာကလစ်ထောက်ပြီး Copy image location ကိုနှိပ် (သို့မဟုတ်) ဓါတ်ပုံကိုနှိပ်လိုက်ပြီး အပေါ် address bar က url ကိုကူးပြီး Paste ချပေးလိုက်ပါ.. ဒါဆိုရင် Select a file ဆိုတဲ့ဘောက်ထဲကို ဓါတ်ပုံရောက်လာမှာဖြစ်ပါတယ်.. ရောက်လာရင်တော့ Add selected ဆိုတာကို နှိပ်ပေးလိုက်ရင် Post ထဲကို ဓါတ်ပုံရောက်လာမှာပါ..

ရောက်လာတဲ့ဓါတ်ပုံကို တစ်ချက်နှိပ်လိုက်ရင် ပုံရဲ့အောက်နားလေးမှာ Small-Medium-Large- X-large - Original size ဆိုပြီး ဓါတ်ပုံရဲ့ အရွယ်အစားကို ရွေးလို့ရပါတယ်.. သာမန်အားဖြင့်တော့ Medium ကို ရွေးပေးလေ့ရှိပါတယ်.. အဲဒါနဲ့ တစ်တန်းတည်းပဲ. left-Center-Right တစ်ခုခုကိုနှိပ်ပြီး ဓါတ်ပုံကို ဘယ်လိုထားမလဲဆိုတာကိုရွေးပေးနိုင်ပါတယ်..

2. ဗွီဒီယိုဖိုင်တင်ဖို့ကလည်း ဓါတ်ပုံတင်တာနဲ့ အတူတူပါပဲ.. ခုနက ဓါတ်ပုံတင်ဖို့ရွေးခဲ့တဲ့ Insert Image ဆိုတဲ့ပုံရဲ့ ညာဘက်မှာ Insert a video ဆိုတာကိုနှိပ်လိုက်ရပါမယ်..


ဒါဆိုရင် Select a file ဆိုတဲ့ဘောက်ကျလာမှာဖြစ်ပါတယ်.. ဓါတ်ပုံတင်ခဲ့သလို ဘယ်ဘက်က Upload ကိုတစ်ချက်ရွေး. ညာဘက်က Choose a video to upload ကိုနှိပ် ကိုယ့်ကွန်ပျူတာထဲက Video ဖိုင်ကို ရွေးပြီး Open ကိုနှိပ်ပေးရမှာပါ.. From Youtube ဆိုတာမှာတော့ Youtube က ကိုလိုချင်တဲ့ Video ဖိုင်ရဲ့ URL လင့်ကို ထည့်ပေးလိုက်ရုံပါပဲ.. ပုံမပြတော့ဘူးနှော်.. သဘောပေါက်မှာပါ.. အကျယ်တော့ မရှင်းပြတော့ဘူးဗျာ.. ဒါလေး လုပ်ရင်းနဲ့ သိလာပါလိမ့်မယ်..

အဆင်ပြေပါစေ...

Blog ရေးတဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲအချို့.



ကျွန်တော့်ရဲ့ ဘလော့ (http://komaungpauk.blogspot.com/)ကို 2012 ခုနှစ်၊ April လ 2 ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ်... ကိုညီလင်းဆက်. ရေးတဲ့ How to Myanmar Blog ဆိုတဲ့ Ebook ကိုဖတ်ပြီး စလုပ်ခဲ့တာပါ.. အဲဒီတုန်းက Themes တွေအကြောင်း၊ Templates တွေအကြောင်း၊ Menu တွေ အကြောင်း ဘာမှ မသိခဲ့ပါဘူး.. Menu မှာ Drop Down လေးပေါ်ချင်လို့ လိုက်မေးရတာ လည်း ဖတ်ဖတ်မောပါပဲ. နောက်တော့ ဖြည်းဖြည်းချင်း လုပ်ရင်းလုပ်ရင်းနဲ့ ဘလော့မိတ်ဆွေတွေရဲ့ အကူအညီတွေနဲ့ ဒီအဆင့်ထိ ရလာတာပါ.. ခုချိန်ထိ ဘလော့အတွေ့အကြုံရှိတဲ့ မိတ်ဆွေတွေကို မေးမြန်းနေရတုန်းပါပဲ..
ဒီပို့စ်ကို ဘာကြောင့်တင်ရတာလဲ ဆိုတော့ ဘလော့ကို လွယ်တယ်ထင်ခဲ့မိတဲ့ကျွန်တော်ရဲ့ အခက်အခဲတစ်ချို့ကိုဖေါ်ပြပြီး ဘလော့ရေးတဲ့ မိတ်ဆွေ လက်သစ်တွေကို အခက်အခဲကို ဘယ်လို ကျော်လွှားမလဲ စဉ်းစားနိုင်အောင်လို့ပါ..
1. ပထမဆုံးတွေ့ရတဲ့အခက်အခဲ. Template အကြောင်း
    ကျွန်တော် Template ကို မူလ Blogger ကပေးတဲ့အတိုင်းလုပ်ကြည့်ပြီး Menu တွေကို ထည့်ခဲ့ပါတယ်.. ဒါပေမယ့် Drop Down Menu မထည့်တတ်ပါဘူး.. ပြီးတော့ Menu လှလှလေးတွေ ဘယ်လိုထည့်ရမှန်း မသိခဲ့ပါဘူး.. ကျွန်တော်လုပ်လိုက်တဲ့ ဖြေရှင်းနည်းကတော့ google မှာ free download for blogger templates with menu ဆိုပြီး လိုက်ရှာလိုက်ပါတယ်.. တစ်ဆိုဒ်ပြီးတစ်ဆိုဒ် လိုက်ရှာရင်း Menu လှလှလေးတွေရှိတဲ့ Themes ကိုတွေ့လို့ လဲလိုက်ပါတယ်.. အထဲမှာတော့ html ကုဒ်တွေကို အစားထိုးပြင်ဆင်ရတာပေါ့...
2. ပို့စ်တင်တဲ့အခါ တစ်ချို့ပို့စ်တွေကို ကြိုက်လို့ ကူးယူလာမိပါတယ်.. အဲဒီလို ကူးယူလာတဲ့ပို့စ်တွေကို တိုက်ရိုက် Paste ချပြီး ထည့်ခဲ့ပါတယ်.. ဒါပေမယ့် ကြည့်ရှုသူက Read More ကို မနှိပ်ခင် မြင်ရတာက မြန်မာစာတွေ မဟုတ်ပါဘူး.. ဘာအဓိပ္ပါယ်မှန်း မသိတဲ့အင်္ဂလိပ်စာသားတွေကို မြင်ရပါတယ်.. Read More ကိုနှိပ်မှသာ စာအမှန်ကို မြင်ရတာပါပဲ..
ကျွန်တော်လုပ်လိုက်တဲ့ဖြေရှင်းနည်းကတော့ စာတွေအားလုံးကို Notepad မှာ အရင်ကူးထည့်တယ်.. ပြီးမှ Post ပေါ်တင်တယ်. ဒါဆို အဲဒီပြဿနာ မဖြစ်တော့ပါဘူး..
3. ဖိုင်တွေ Hosting Site မှာ တင်တဲ့အခါ တွေ့ရတဲ့အခက်အခဲ
    ကျွန်တော်တို့တွေ Software တွေကို File Hosting Site တစ်ခုခုမှာတင်ပြီးတော့မှ ကိုယ့်ဘလော့မှာ ဒေါင်းလော့လင့်ကို ညွှန်းပေးကြရပါတယ်.. Blog မှာ File Hosting အတွက် Support မပေးပါဘူး.. ကျွန်တော်က အရင် Mediafire တစ်ခုကိုပဲသိခဲ့တာပါ.. ဖိုင်တွေ ဖျက်တယ်ဆိုတာလည်း မသိခဲ့ပါဘူး.. နောက်တော့မှ Crack, Patch, Keygen စတဲ့ Antivirus နဲ့ငြိတဲ့ဖိုင်တွေနဲ့ ဆော့ဖ်ဝဲ ကုမ္ပဏီတွေရဲ့ Copy Right နဲ့ငြိတဲ့ဖိုင်တွေကို ဖျက်ပစ်တယ်ဆိုတာ သိရပါတယ်.. အဲဒီအချိန်မှာ ကျွန်တော့် ဖိုင်တွေသာမက အကောင့် (၂)ခုပါ Block လုပ်ခံထားရပါပြီ...
ဒီတော့ ဖိုင်တွေကိုတင်ဖို့ Hosting ရှာမယ်ဆိုရင် ဘာတွေကို သိထားသင့်ပါသလဲ.
Storage 
Bandwidth
Keeping Period
Upload/Download Speed
Resume on/off
Upload/Download Limit
တွေကို အဓိက သိထားသင့်ပါတယ်.. ပြီးတော့ Character ဖြည့်ရတာတွေ၊ ကြော်ငြာများတဲ့ဆိုဒ်တွေကို ရှောင်သင့်ပါတယ်..
4. အခုနောက်ဆုံး ဘာဖိုင်ကိုမှ ပြဿနာမရှာဘူးထင်ခဲ့တာ.. ပို့စ်ကို ပြဿနာရှာတာတစ်ခု ဒီရက်ပိုင်းလေးတင် ကြုံလာရပါတယ်.. အဲဒါကတော့ Digital Millennium Copyright Act (DMCA) နဲ့ငြိလို့ဆိုပြီးတော့ တင်ပြီးသားပို့စ်ကို Draft ထဲကို ပို့ပစ်လိုက်တာပါ.. ဒါကတော့ Blogger ကလုပ်တယ်လို့ပြောပါတယ်.. အီးမေးဆီကို Notification ပေးတာမဟုတ်ပါဘူး.. ဘလော့ရဲ့ Dashboard မှာ ပေါ်နေတာဖြစ်ပါတယ်.. "A DMCA complaint on your content has been received and/or updated" တဲ့ ဆက်ဖတ်တော့

Blogger DMCA Counter Notification
Blog မောင်ပေါက်
Post Hollywood Undead – Desperate Measures: Audio (2009)

Your post has been removed by us because we were notified that it infringed copyright. You can see the notification we received and, if you wish, challenge that removal by completing this form, which generates a counter-notification under the Digital Millennium Copyright Act (DMCA).

The DMCA is a United States copyright law that provides guidelines for online service provider safe harbor in case of copyright infringement. The administrator of an affected site or the provider of affected content may make a counter-notification pursuant to sections 512(g)(2) and (3) of the Digital Millennium Copyright Act or other applicable law. When we receive a counter notification, we may reinstate the material in question.

To file a counter-notification with us, you must provide the information specified in the web form below. Please note that you can be liable for damages (including costs and attorneys' fees) if you materially misrepresent that material or activity is not infringing the copyrights of others. Accordingly, if you are not sure whether certain material infringes the copyrights of others, we suggest that you first contact an attorney.

လို့ပေါ်ပါတယ်. ဒီပို့စ်ကို ဆက်တင်မယ်ဆိုရင် DMCA section 512 (c)(1)(C) အရ အရေးယူခံရနိုင်ပြီး သက်ဆိုင်ရာ ကုမ္ပဏီ အသင်းအဖွဲ့ရဲ့ သဘောတူညီချက်အရဖြစ်မှသာ ဆက်တင်ခွင့်ရမှာဖြစ်တယ်လို့ပဲ ဘာသာပြန်တတ်ပါတော့တယ်..

ဒီနည်းကို ဘယ်လိုဖြေရှင်းမလဲ.. ကျွန်တော့်ကတော့ အဲဒီပို့စ်ကို Publish မလုပ်ဘဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်.. ရန်အေးတာပေါ့ . တော်ကြာ ဘလော့ကိုပါ ပိတ်ပစ်ရင် ဒုက္ခ..

ဘလော့မိတ်ဆွေများ ဘလော့ဂါတွေရဲ့ အခက်အခဲတွေကို မျှဝေခံစားရင်း

အသိပညာအတတ်ပညာများ တိုးပွားကြပါစေ...


.မောင်ပေါက်မှကူးယူဖော်ပြချင်းဖြစ်ပါသည်  .............မူရင်းလင့်


မောင်ပေါက်

Saturday, July 6, 2013

မင်္ဂလာပါ ခင်ဗျာ ကျွန်တော်အခုတင်ပြမယ့် Post နဲ့ ပတ်သက်ပြီး နည်းနည်းလေးပြောကြားချင်ပါတယ်
ဒီပို့ စ်နာမည်က How To Hack Facebook ပါ..ဒါပေမယ့် ဘယ်လို Hack မှာလဲ လို့ တော့ ကျွန်တော်တင်ပြဆွေးနွေးမှာမဟုတ်ပါဘူး..ဘယ်လိုတွေ Hack နည်းတွေရှိလဲ. ဘယ်လိုကာကွယ်ရမလဲဆိုတာကို အလေးပေးဖော်ပြမှာဖြစ်ပါတယ်..ခင်ဗျာ!!!
ပထမဆုံးအနေနဲ့  ဘယ်လိုတွေတိုက်ခိုက်ခံရနိုင်လဲဆိုတာ ဦးစားပေးဖော်ပြပါ့မယ်
ထို့ နောက် ဒုတိယပို့ စ်အနေနဲ့  ဘယ်လိုကာကွယ်ရမလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်..
Facebook ဆိုတာ တကယ်တော့ Social Media တစ်ခုပါပဲ သင်ဘာလုပ်လဲ သင်ဖော်ပြနိုင်တယ် သင်ဘယ်လို စိတ်ခံစားနေရလဲ သင်ဖော်ပြနိုင်တယ် သင်ဘာကိုလိုချင်နေလဲ ဘာကိုစိတ်ဝင်စားလဲ သင်စိတ်ထဲက ခံစားချက်တွေ သင့်Activity တွေကို သင့်သူငယ်ချင်းတွေနဲ့  သင်မျှဝေနိုင်တယ်
ဒါမှမဟုတ် သင်ဟာ ဘာသာရေးသမားလား..သင်ဟာနိုင်ငံရေးစိတ်ဝင်စားတာလား..သင့်ဘာသာရေးနိုင်ငံရေးအမြင်တွေလဲ သင်ဖော်ပြခွင့်ရှိတယ် သို့ မဟုတ်သင်ဟာစီးပွားရေးတခုလုပ်နေတာလား ဒါမှမဟုတ် သတင်းနဲ့ ပြန်ကြားရေး ရုပ်ရှင်အနုပညာဂီတရသပေးတဲ့ Page တစ်ခုကိုထောင်ထားတာလား…
ဘာမဆိုပေါ့ ကျွန်တော်တို့ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးချကြပါတယ်..သို့ ပေမယ့်
တခါတလေ သင်နဲ့ စိတ်အကြောင်းမတိုက်ဆိုင်သူများ..သင့်ကိုမကျေနပ်သူများ သင့်ကို မဟုတ်ကဟုတ်က မသမာချင်သူများ..သို့ မဟုတ် သမီးရည်းစားချင်းသင်္ကာမကင်းဖြစ်တဲ့အခါ.
ကျွန်တော်တို့ ကြားရတဲ့စကားသံတစ်ခုကတော့ ကျွန်တော်/ကျွန်မတို့ ရဲ့  Facebook အကောင့်ခိုးခံထိသွားပါပြီး..Hacked ခံထိပါပြီး..ဆိုတဲ့စကားသံတွေ ခနခန Social Media လောကမှာမြင်နေကြားနေကြရပါတယ်..
ကျွန်တော်/ကျွန်မတို့ ဘယ်လိုနည်းနဲ့  အကောင့်ပြန်ယူရမလဲ ဒါမှမဟုတ်နောက်တစ်ခါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ..အထွေထွေသော ပြသနာတွေမြင်နေကြားနေရပါတယ်…ဒါဘာကြောင့်လဲ ကျွန်တော်တို့  အိုင်တီလောကနဲ့ အကျွမ်းတ၀င်ထိတွေ့ နေတဲ့ လူတချို့ တောင်မှာ အခန့်မသင့်ရင် Hacked ခံရပါတယ် ..သာမန် အသုံးပြုသူအနေနဲ့ ကတော့
hacked ခံထိဖို့ က ၈၅% လောက်ကို သေချာနေပါတယ်…IT နဲ့ ပတ်သက်ပြီး ဗဟုသုတပိုင်းဆိုင်ရာနည်းပါးမှုဟာလဲ ကျွန်တော်တို့ ကို ခြိမ်းခြောက်နေတဲ့ လက်နက်ကြီးပါပဲ…Online ပေါ်မှာမည်သူမဆို သားကောင် (Victim) ဖြစ်သွားနိုင်တဲ့သဘောရှိပါတယ်..
အမှန်တကယ်တော့ facebook ဆိုတဲ့အရာကြီးဟာ တကယ်ကို လုံခြုံမှုရှိလွန်းတဲ့ Website တစ်ခုပါပဲ..Facebook ရဲ့  Security System ကိုချိုးဖောက်ဖို့ ဆိုတာ တကယ်ကိုမလွယ်ကူပါဘူး..
ဒါဆိုရင် မေးခွန်းတော့ရှိလာပါပြီး…
ဘာကြောင့် ဒီလောက်လုံခြုံတဲ့ Facebook အကောင့်ဟာ ဘာလို့  အခိုးခံရပါသလဲ?
ဒီမေးခွန်းကိုမဖြေခင်မှာ ကျွန်တော် အောက်ပါ အချက် (၆) ချက်ကို ဆွေးနွေးပေးပါ့မယ်…
တစ်ချက်ချင်းစီမှာ အပေါ်ကမေးခွန်းကိုအဖြေပေးမယ့် အကြောင်းအရာတွေ၇ှိပါတယ်..
1- Keylogging – Installing Keylogger ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
2-Phishing – Creating Fake Facebook Login Page ( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
3-Using Victims Mobile ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
4-Stealing facebook cookies of victim( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
5- Revealing saved Facebook passwords on web-browsers( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
6-Bypassing Facebook’s Security Question( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
——————-
အပေါ်က အချက်တွေထဲမှ နံပါတ် ၃နဲ့  ၆ ကတော့ Password Reserting နဲ့ တူပါတယ် Password Reserting ဆိုတာက သင် ဖေ့ဘွတ်ပတ်စ်ဝက်မေ့တဲ့အခါ ပတ်စ်ဝက်အသစ်ကိုထည့်သွင်းရာတွင် လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်စွက်ပြီးအသစ်ပြန်လည်ရယူတဲ့နည်းဖြစ်ပါတယ်..(မိမိခိုးယူမယ့်လူရဲ့ နဂိုမူလ Password ကိုသိဖို့ မလိုပဲ Password Reset အနေနဲ့ ခိုးယူခြင်းဖြစ်ပါတယ်)
ပထမနည်း ၁နဲ့ ၂ ကတော့ ပိုင်ရှင်လုံးဝမသိပဲ သူ့ ၏ facebook ကိုဝင်တဲ့အီးမေးလ်နဲ့  facebook password ကို အသုံးပြုပြီးဝင်ရောက်တဲ့နည်းဖြစ်ပါတယ် မူလ password ကို Hack လိုက်တဲ့နည်းဖြစ်ပါတယ်
ဒါဆိုတစ်ချက်ချင်းလေ့လာကြည့်ရအောင်ဗျာ..
1-KeyLogging- For Hacking Facebook Account *
ဒီနည်းက ရိုးရှင်းပြီး အလွန်ကိုထိရောက်တဲ့ နည်းလမ်းပါပဲ တိုက်ခိုက်မယ့်လူအနေနဲ့  မည်သည့်  Hacking Knowledge မှ ကောင်းကောင်းမွန်မွန် သိဖို့ မလိုပါဘူး ကွန်ပျူတာကိုအခြေခံကျွမ်းကျင်မှုရှိရင် Hack နိုင်ပါပြီး…
Keylogger Software ဆိုပြီး နာမည်ကြီးပျံ့ နှံ့ နေတဲ့ အတိုင်းပါပဲ မိမိအသုံးပြုမယ့် ကွန်ပျူတာမှ ဒီSoftware ကိုမသမာသူက ကြိုတင် Install လုပ်ထားလိုက်ပါတယ်..
သင်ထိုကွန်ပျူတာကို အသုံးပြုတဲ့အခါ သင့်ရဲ့ ဖေ့ဘွတ် Username and Password ကိုရိုက်ထည့်လိုက်တာနဲ့  ဒီဆော့ဝဲလ်က နောက်ကွယ်ကနေ အကုန်လုံးကိုမှတ်သားထားမှာဖြစ်ပါတယ်..
သင်အသုံးပြုပြီးပြန်သွားတဲ့အခါ မသာမာသူမှ ထိုဆော့ဝဲလ်အားဖွင့်လှစ်ပြီး သင့်ရဲ့  Data တွေကို ရယူသွားပါလိမ့်မယ် ထိုဆော့ဝဲလ်ဟာ သင်(သာမန် User) မမြင်နိုင်တဲ့ Background Process အနေနဲ့  ကွန်ပျူတာမှာ Processing လုပ်နေပါတယ်
Keylogger software ကိုယနေ့ခေတ်မှာ Facebook အကောင်ခိုးယူဖို့တင်မကပဲ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်..
ထို Keylogger ကို (၂)မျိုးထပ်မံခွဲခြားနိုင်ပါတယ်
-Software Keylogger
-Hardware Keylogger -zပါပဲ…
*Software Keylogger ဆိုတာကတော့အပေါ်ကကျွန်တော်ပြောသလိုပဲ ကွန်ပျူတာထဲသွင်းပြီး အသုံးပြုရတဲ့နည်းလမ်းပါပဲ သူက ဆော့ဝဲလ်တခုအနေနဲ့ တည်ရှိပါတယ် (အားနည်းချက်အနေနဲ့ ကတော့-နားလည်သူတွေကဒီSoftware Run ထားခြင်းရှိမ၇ှိကို သိရှိနိုင်ကြပါတယ်)
*Hardware KeyLogger ကတော့ Hardware တခုအနေနဲ့ ရပ်တည်ပါတယ် သူက USB Pen Drive လိုပါပဲ သူ့ မှာ အချက်အလက်တွေမှတ်ဖို့  Internal Memory တပ်စင်ထားပါတယ်..
သူ့ ကို ကွန်ပျူတာနဲ့  keyboard ချိတ်ဆက်ပေးမယ့် ကြိုးရဲ့ ခေါင်းနဲ့  ကွန်ပျူတာ System ပုံးအနောက်မှ ကီးဘုတ်ချိတ်ဆက်မယ့် USB Port သို့ မဟုတ် PS2 Port ကြားမှာ ကြားခံအနေနဲ့ တပ်ဆင်ထားပါတယ်..
သူ့ ရဲ့အလုပ်လုပ်ပုံကတော့ ကီးဘုတ်ကနေရိုက်သမျှ စာအားလုံးကို ကွန်ပျူတာတဲ့ Instruction အနေနဲ့ မ၀င်ခင်မှာ အကုန်ကြားခံဖမ်းယူမှတ်သားခြင်းပဲဖြစ်ပါတယ်..
ဒီပစ္စည်းလေးတပ်ဆင်ထားတာကိုတော့ ကွန်ပျူတာ System ပုံးကိုသတိထားနိုင်မှသိနိုင်ပါတယ်…
——————————————-
2-Phishing – For Hacking Facebook Account *
Hacked နည်းတွေထဲက နည်းလမ်းဟောင်းတစ်ခုဖြစ်ပြီး Facebook အကောင့်တခုတည်းသာမက password protected လုပ်ထားတဲ့ မည်သည့်အကောင့်ကိုမဆို( e.g Gmail,yahoomail)
Hackတဲ့အခါမှာအသုံးချနိုင်ပါတယ်…သင်ဘယ်လောက်ပဲ Phising နဲ့ ပတ်သက်ပြီးတိုက်ခိုက်လာနိုင်တဲ့ နည်းလမ်းတွေကိုနားလည်သိ၇ှိထားပါစေအုံး မထင်မှတ်တဲ့ အမှားလေးတစ်ခုကနေသင့်ရဲ့  Facebook ကို အခိုးခံရနိုင်ပါတယ်..
ဘာလို့ လဲဆိုတော့ ဒီနည်းလမ်းက လှည့်ကွက်တွေများတယ် သင့်ရဲ့ စိတ်အာရုံက ဖမ်းစားနိုင်မယ့် မက်လုံးတစ်ခုခုနဲ့ သင့်ကို တိုက်ခိုက်သူ တွေက တိုက်ခိုက်ရန်အကွက်ဆင်နေမှာဖြစ်ပါတယ်..ပုထုဇဉ်လူသားတွေပီပီ..တခါတလေ သတိမမူလို့ ဂူမမြင်လိုက်တဲ့ သာဓကတွေလဲရှိသားလား..
Popular အဖြစ်ဆုံး Phishing Hack နည်းကတော့.. Facebook ရဲ့  Login Home Page အတုကို ဖန်တီးပြီး Hack တဲ့နည်းပါပဲ…
မသမာသူဟာ သင့်ဆီသို့ နည်းအမျိုးမျိုးနဲ့  Fake Facebook Login Link Address တစ်ခုကိုမရောက်ရောက်အောင်ပို့ မှာဖြစ်ပါတယ်.အဲဒီ အတုဟာ တကယ့်အစစ်နီးပါ တူညီပါတယ်..
အဲဒီလို လင့်တစ်ခုသင့်ဆီေ၇ာက်လာပြီဆိုပါတော့ သင်ကလဲ အတု မှန်းမသိလိုက်ဘူးဆိုပါတော့..
သင်ပုံမှန်အတိုင်း သင့်ရဲ့  username and password ပေးပြီး…
Enter တစ်ချက် Click တစ်ကလစ်မှာပဲ…သင့်ရဲ့ username နဲ့  password မှန်မမှန်တိုက်ဆိုင်စစ်ဆေးပြီးဝင်ခွင့်ပေးဖို့  ပုံမှန်လုပ်ငန်းစဉ် Facebook ရဲ့  Database Information Server ကို မပို့ တော့ပဲ မသမာသူဆီပို့ ပေးလိုက်ပါတယ်…
ထိုအခါ မသမာသူက သင့်ရဲ့  Username နဲ့  Password ကိုလက်ခံရရှိပြီးဖြစ်ပါတယ်…..
ကျွန်တော်ဒီပို့စ်နဲ့ အတူ တင်ထားပေးတဲ့ ပုံမှာ ကြည့်ရှုပြီး အလွယ်တကူနားလည်သိမြင်နိုင်ပါတယ်..
ပုံမှာမြင်တဲ့အတိုင်းပါပဲ…Hacker ကတော့ Trick တွေသုံးပြီးသူ့ ရဲ့ သားကောင်ကို Login Page အတု ပို့ ပြီး…လှည့်စားနေပါပြီး..
ဒီနည်းလမ်းကိုသုံးတဲ့သူက ဘာကြောင့် ခက်ရလဲဆိုတော့ Fake Facebook Login page တခုကိုတည်ဆောက်ရတာအရမ်းမခက်ခဲပေမယ့် လူတွေဟာ အခုတော့ဒီ Phishing ရဲ့ နည်းလမ်းသဘောသဘာဝကို အတိုင်းအတာတခုထိနားလည်လာကြတဲ့အခါ
တော်တန်ရုံလှည့်စားလို့ မရတော့ပါဘူး..ဒါကြောင့်ခက်ခဲတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်..သင့်ရဲ့ လိမ်ညာလှည့်ဖျားမှု Trick သုံးနိုင်တဲ့အခြေအနေအပေါ်မူတည်ပါတယ်..အထူးသဖြင့် Mobile ပေါ်က Facebook User တွေကို တိုက်ခိုက်မယ်ဆိုရင်တော့အနည်းစယ်ခက်ခဲပါလိမ့်မယ်
ဘာလို့ လဲဆိုတော့ Mobile ပေါ်မှာ URL Link တွေကို အလွယ်တကူ checks လုပ်ဖို့ ခက်ခဲလို့ ပါပဲ မဟုတ်လား??
———————————
*Using Victims Mobile to Hack Facebook Account
ဒီနည်းက ကျွန်တော်ကနဦးတင်ပြခဲ့သလိုပဲ Password Reserting နည်းပါပဲ နကိုမူလ password ကို Breaking လုပ်ပြီး..၀င်ရောက်တဲ့သဘောပါပဲ..
ဒီနည်းတွေက ချစ်သူကြား သူငယ်ချင်းတွေကြား.မှာရေပန်းစားပါတယ်..လွယ်လွန်းပါတယ်Forgot Password လို့ လုပ်ပီး
ကြိုးစားရုံပါပဲ..ဒါပေမယ့် သင်ရဲ့ သားကောင်ဖုန်းနံပါတ်ကိုသိဖို့ လို သလို Facebook ကြီးကပြန်ပို့ လာမယ့် sms ထဲက Code ကိုဖတ်ဖို့  သင်ဟက်မယ့် သူငယ်ချင်း သို့ မဟုတ်ချစ်သူရဲ့ အနားမှာနေဖို့ တော့လိုမှာပေါ့နော်..
နည်းလမ်းကို တော့ ကာကွယ်တဲ့နည်းပို့ စ်ကိုတင်ပြတဲ့အခါ ထည့်ရေးပေးပါ့မယ် ဒါပေသိ…သင်မြန်မာနိုင်ငံမှာနေထိုင်သူဆိုလျှင်တော့ ဒီနည်းလမ်းကို လက်ရှိမှာ အသုံးချလို့ မရပါဘူး..မြန်မာပြည်ကို sms ပို့ လို့ မရလို့ ပါပဲ
(*တခါတလေမြန်မာပြည်မှာလူဖြစ်ရတာ ကျေနပ်စရာတွေထဲက တစ်ခုပေါ့..သင့်အကောင့်ကိုလုံခြုံမှုတခုပေးနိုင်လို့ လေ :P )
—————————————————-
-Stealing Facebook Cookies of your Victim *
တိမ်မယောင်နက် လွယ်မယောင်နဲ့ ခက်တယ်လို့ ပဲဆိုရလိမ့်မယ့် နည်းလမ်းပေါ့…
ဒီနည်းလေးကိုမပြောခင်မှာ – What is Cookie?
စားစရာတော့မဟုတ်ဘူးနော်…အဲဒါ Danger !!
Cookie သို့ မဟုတ် HTTP Cookie( Hyper Text Transfer Protocal), Web Cookie, Browser (firefox,Chrome,Internet Explore,Safari,Opra,Maxthon) Cookie
ဒါတွေအားလုံးက text File လေးတစ်ခုပါပဲ ဘယ်လို File လဲ www.google.com ကို ကြည့်မယ်ဆိုပါတော့..ဒါဆို google web server ကနေ သင့်ရဲ့  browser ကိုပို့ လိုက်တဲ့ text File ကို cookie လို့ ခေါ်ပါတယ်..
သင့်ရဲ့  Browser ကတော့ ဒီဖိုင်လေးကို သိမ်းပြီး သင်ဒီweb site ကို ကြည့်နေသမျှ သင်နဲ့ ဒီဆိုဒ်ကိုbrowser က ဒီဖိုင်လ်လေးကိုပြန်ပို့ ခြင်းဖြင့်ဆက်သွယ်ပေးနေမှာဖြစ်ပါတယ်..
ဒါဆိုရင် ဒီ Cookie တွေက ဘယ်လိုအသုံးကျတာလဲ…သူကတော့ user Authentication,identification တွေကိုလုပ်ပေးတာဖြစ်တယ်..
ဒီCookie တွေဟာ software မဟုတ်ဘူး သူတို့ တွေဟာ Virus တွေကိုမသယ်ဆောင်နိုင်ဘူး..ဒါပေမယ့်သူတို့ တွေဟာ Keylogger တွေလိုပဲ သင်ဒီBrowser မှာ ဘယ်တွေ သွားပီးဘာတွေကြည့်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာတွေကို ဒီ Cookie တွေကနေ
လိုက်လို့ ရပါတယ်.ဒီ cookie file လေးဟာ မသမာသူတွေရဲ့ ခိုးယူမှုသင်ခံရပြီးဆိုပါစို့  သူကတော့ သင့်ရဲ့  web access တွေကို ရရှိသွားပါပြီးဒါကို cookiestealing.
အတိုချုံးပြောရမယ်ဆိုလျှင်တော့ သင်ဖေ့ဘွတ်အကောင့်ကိုlog out မလုပ်ရသေးပဲ သင်ကွန်ပျူတာရှေ့ကနေ အတော်တန်ကြာ away from PC လေးလုပ်နေတယ်ဆိုပါတော့ သေချာတယ် ကျွန်တော်ကတော့ သင့်မုန့်ကိုခိုးစားတော့မှာပဲ :P
ဒါပေမယ့် တကယ်လို့များသင်ဟာfacebook ကို HTTPS ဆိုတဲ့ secure ပိုဖြစ်တဲ့ protocol နဲ့ သုံးနေမယ်ဆိုရင်တော့ ကျွန်တော်အတွက်တော့ဘယ်လိုမှခိုးယူဖို့ မဖြစ်နိုင်ပါဘူး…
—————————————————–
-Revealing saved Facebook passwords from web browsers*
တူးမယ်ဆွမယ်..ခင်ဗျားတို့ သိမ်းထားတဲ့ Password တွေကို..မယုံမရှိနဲ့ ကျွန်တော်ထိဖူးတယ် အဖြစ်အပျက်က ဒီလို ကိုယ်ရဲ့ ပေါ့ဆမှုပေါ့ သူကခိုးတာမဟုတ်ဘူး ကိုယ်က ပေးလိုက်မိတာပါ…ကိုကိုရယ် Firefox ကသုံးလို့ မကောင်းဘူး ဗီဒီယိုကြည့်ရတာအဆင်မပြေဘူးဆိုလို့  ကဲဘေဘီရေ ရော့ ဆိုပြီး ကျွန်တော်သုံးနေတဲ့ Chrome ကိုပို့ ပေးလိုက်တယ်..ကျွန်တော်ကလူပျင်းလေ ကိုယ့်ပါစင်နယ် Laptop မှာဆိုတော့ Password တွေ အကောင့်တွေ Auto Save ထားတာ
အကုန်ပါလေရော ကိုယ်တောင်မမှတ်မိတော့တဲ့အကောင့်တွေ သူဖွင့်လို့ ရပါလေရော အဲဒီမှာ ကွိုင်တာပေါ့ အရင်က past chat တွေနဲ့  :P တော်ပါသေးတယ် ချစ်သူက အကုန်သိပြီးသားကိစ္စတွေမို့ လို့ ပေါ့ နားလည်ပေးတယ်)
အဲဒီလို ထိတာ…အင်ဒီနည်းကတော့ ဒီလိုဗျ..သူကတော့ သင်သာ ကျွန်တော့်လိုအပျင်းကြောထူနေရင်တော့ ခံရပါလိမ့်မယ်..
ဖြစ်နိုင်ရင် မသိမ်းထားပါနဲ့ တခါသိမ်းထားခဲ့ရင် Clear Browse History မလုပ်မချင်း လုပ်ခဲ့ရင်တောင် Save Password ကိုပါ မဖျက်မိရင် ပြန်ဖော်နိုင်ပါတယ်…
ဒါကတော့ ဖော်လို့ ရတဲ့နေရာတွေပါ..
Chrome: Goto tools >> Options >> Personal Stuff >> Manage saved Passwords
FireFox: Goto tools >> Options >> Security >> saved Passwords
Internet Explore >> ကိုတော့ထည့်မပြောတော့ပါဘူး .ဘယ်သူမှသူ့ ကိုကရုမစိုက်တာ :) :)
————————————
နောက်ဆုံးနည်းကတော့ Bypassing Facebooks Security Question *
Facebook ရဲ့  အဓိက Security အားနည်ချက်တစ်ခုပေါ့..အဲလိုမြင်လို့ လဲရသလို အဲလိုမဟုတ်ပဲတကယ်လို့ များမိမိအကောင့်ပတ်စ်ဝေါ့ မေ့သွားတဲ့အခါ ပြန်လည်ရယူနိုင်ဖို့  ကူညီထားတဲ့ အခန်းကဏ္ဍတခုပဲ..
ဒါကိုပဲ မသမာသူတွေက အသုံးချ..ယုံကြည်မှုကို နားလည်ပါးရိုက်လုပ်စားတဲ့အကွက်လို့ ပြောရရင်ပိုမှန်မယ်..
တချို့ ချို့ က ဒါကို Social Engineering Attack လို့ လဲခေါ်ပါတယ်..
သူကဘယ်လိုလဲတခါတလေ သင့်ပတ်စ်ဝက်မေ့တဲ့အခါ Forgot your password ကိုနှိပ်ပီး အသစ်တစ်ခုResert လုပ်ပြီဆိုပါတော့
သင့်သူငယ်ချင်းနာမည်တွေကိုမေးမယ် ဓာတ်ပုံတွေကို ဘယ်ဟာက ဘယ်သူလဲဆိုပီး Multiple Choice ခိုင်မယ်…ဒါမှမဟုတ် Security Question တွေမေးမယ်..
ဒါဆိုရင်တော့ သင်ဖောက်လို့ ရလောက်ပါပီ သင့်သူငယ်ချင်း သို့ မဟုတ်ချစ်သ မောင်နှမ တွေရဲ့  အကောင့်ဆိုလျှင် သင် သူငယ်ချင်းတချို့ လဲသိနိုင်သလို Photo တွေလဲသိနိုင်မှာပဲ…Security Question တွေကိုလဲသိနိုင်ခန့်မှန်းနိုင်မှာပါ…
နောက်လာမယ့် ကာကွယ်နည်းပို့ စ်မှာ ပိုအသေးစိတ်ရှင်းလင်းပေးပါ့မယ်
—————————–
ကဲဒါဆိုရင် ကနဦးကျွန်တော်မေးထားတဲ့ မေးခွန်းကိုပြန်လည်ဖြေကြည့်ရအောင်ဗျာ..
Facebook ရဲ့ Security System ဟာအရမ်းကို ခိုင်မာလွန်းပါတယ် ဒါဆိုဘာလို့ အခိုးခံရလဲ?
ရှင်းပါတယ် ခိုးဖို့ ကြိုးစားသူက ၇၀% အားထုတ်မှု၃၀%သော အားနည်းချက်ကတော့ကျွန်တော်တို့ User တွေရဲ့ ဗဟုသုတနည်းပါးမှုနဲ့ သတိလျော့မှုတွေကြောင့်ပဲဖြစ်ပါတယ်
အသေအချာပြောနိုင်တာကတော့ ဘယ်လောက်တော်တဲ့ Hacker ဖြစ်ပါစေအုံး..Facebook ရဲ့  username & password တွေကို သိုလှောင်ထားတဲ့ Database Server ထဲကို ချိုးဖျက်ဝင်ရောက်ပြီး ကျွန်တော်တို့ ရဲ့  Username and Password ကို မရယူနိုင်ဘူးဆိုတာပါပဲ..
Facebook ရဲ့  Security Credential တွေကတော့ တကယ် Strong ဖြစ်ပါတယ်….
စကားချပ်အနေနဲ့ Hack ချင်သူတွေကိုသတိပေးချင်တာကတော့
သင်ဟာအချိန်မရွေး မုဆိုးကနေ သားကောင်ဘ၀ကိုရောက်သွားနိုင်တယ်ဆိုတာပါပဲ
ဘယ်လိုအခြေအနေမျိုးလဲ ….Ready Made Software တွေပေါ့ Facebook Recovery Software ,Faceboook Hacking Software တွေရှိတယ် ရမယ် ၁၀၀%အာမခံတယ် ပိုက်ဆံပေးပြီးသာဝယ်လိုက် ရစေရမယ်ဆိုတဲ့
စွဲဆောင်မှုတွေကြေငြာချက်တွေကိုယုံစားမိတဲ့အခါ သင်ဒီဆော့ဝဲလ်တွေကို ၀ယ်ယူဖို့  အွန်လိုင်းပေါ်ကနေ ၀ယ်ယူတော့မယ်ဆိုပါဆို သင့်ID နဲ့  Password က အချိန်မေ၇ွး..ပါသွားနိုင်တယ်ဆိုတာကိုသတိချပ်သင့်ပါတယ်..
ဥပမာ -သင့်က Hack ချင်ပီ hack နည်းရှာရင်းနဲ့  ဒါလေးကိုတွေတယ်ဆိုပါတော့ သူကတောင်းတော့မယ်
သင့်ရဲ့  Facebook Login email and password နဲ့  သင်ဟက်ချင်တဲ့လူရဲ့  profile link ကိုပေးပါဆိုပြီးတော့ပေါ့ ကိုယ်ကလဲငမ်းငမ်းတက်ရချင်စောနဲ့ ပေး..အဲဒီမှာအေးတာပါပဲ..ကဲ သူခိုးလက်ဓားရိုးကမ်းတယ်ဆိုတာပါပဲ..
အဲဒီလူတွေကလဲလည်တယ် သင်ယုံချင်အောင်ပေးပို့ ရမယ်အီးမေလ်ကိုဒီလိုနာမည်တွေပေးတယ်ဗျ..
password.recovery@facebook.com အစသဖြင့်ပေါ့ ကဲဘယ်လောက်ပုံမှားရိုက်တတ်တယ်ဆိုတာပါပဲ..သေချာဆုံးတစ်ခုကတော့ Hack ချင်သူများ အနေနဲ့ခေါင်းထဲထည့်ရမှာကတော့ Facebook အကောင့်ကို ဟက်ဖို့  ဆော့ဝဲလ် လုံးဝလုံးဝမရှိသေးဘူးဆိုတာပါပဲ…..REALWEBSITE


credit-myanmarITgroup

Friday, July 5, 2013

paypal အကောင့်ဖွင့်ပြီး အွန်လိုင်းမှာ ပိုက်ပိုက်ရှာချင်သူတွေအတွက် လွယ်လွယ်လေး :P



အရင်ဆုံး https://www.paypal.com/ ထဲဝင် Sing Up ကိုကလစ် နိုင်ငံရွှေးရင်  Thailand ကိုရွှေး 
Personal ကိုရွှေးပြီးကလစ် အကောင့်တွေထည့်တာလွယ်ပါတယ် Password မှာ စာလုံးအကြီးတစ်လုံးပါပါစေ 
ဒီကောင်လေးဘဲ အမှန်အကန်တွေဖြည့်ရမှာ မှားလို့မရဘူး 
Address မှာကြိုက်တာထည့် Province မှာ Ranong ကိုရွှေး 
http://www.geopostcodes.com/ ထဲဝင်ပြီးတော့ အဆင်ပြေတဲ့မြို့ကိုရွှေး 
ကျွန်တော်ကတော့ Ban Na ဆိုတဲ့ မြို့နာမည်ကိုထည့်လိုက်ပါတယ် 
Post code ကတော့  ပုံမှာပါတဲ့အတိုင်း 85120 ထည့်လိုက်ပါတယ်
ဖုန်းနံပတ်ကတော့ 09 ဒါမှမဟုတ် 08 နဲ့စပြိး ဆယ်လုံးပြည့်အောင်ဖြည်ပြီးထည့်ပါ 
နံပတ်အမှန်ဆိုတော့ပိုကောင်းတာပေါ့ 
(0901637850) ကျွန်တော်ဖုန်းနံပတ်ပါ ထည့်ချင်လည်းထည့်နိုင်ပါတယ် 
ဖုန်းမခေါ်နဲ့နော် သူငယ်ချင်းတို့
ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကိုနိုပ်လိုက်ပါ 
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ
 ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ
ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ 
paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်
ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပီ
 Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ 
သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် 
Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး
ပိုက်ဆံတစ်ကျပ်မှမရှိတဲ့ ကျွန်တော်အကောင့်ပါ 
ဒါကတော့ ပိုက်ဆံ ရှစ်ဒေါ်လာရှိတဲ့အကောင့်ပါ 
အမေရိကန်ယူနိုက်တက် စတိတ်နဲ့ဖွင့်မယ်ဆိုရင် 
www.zip-codes.com  မှာ မှန်ကန်တဲ့လိပ်စာကိုရယူနိုင်ပါတယ် ဖုန်းနံပတ်ကိုတော့ 
http://www.k7.net မှာ မိမိအကောင့်နဲ့ရယူနိုင်ပါတယ် 
ပြီးတော့ အင်တာနက်ပေါ်မှာ ပိုက်ဆံရှာတဲ့ဆိုဒ်တွေကို သိသူများရှိရင် ကွန်မန်ပေးခဲ့လို့ တောင်းဆိုပါတယ် 
http://madevid.com/ ကတော့ ဗီဒီယိုတွေတင်ပြီးတော့ ပိုက်ဆံရှာလို့ရပါတယ် 
သူမှာအကောင့်ဖွင့်ဖို့က paypal  အကောင့်လေးရှိဖို့လိုပါတယ် 
ကိုယ် သီချင်းတွေ ဟာသတွေ တင်ပြီးFace book မှာတင်ပြီး သူငယ်ချင်းတွေကို ကြည့်ခိုင်ရင် 
ကိုယ်က ပိုက်ဆံ အလိုလိုရနေမှာဖြစ်ပါတယ် အဆင်ပြေပါစေ 
နောက်တစ်ခါကျရင် paypal  အကောင့်အသုံးပြုပြီး အင်တာနက်မှာ လိုချင်တာ 
ဘယ်လိုဝယ်ရမယ်ဆို ရှင်းပြပါမယ်

 ကဲဗျာ...ခဏခဏ မေးးလာကြတယ် ငွေရှာနည်းးတဲ့ ကျွန်တော်ကတော့ စိတ်မ၀င်စားလို့ လုပ်လည်းမလုပ်ကြည့်မိပါဘူး  ဒါပေမယ့် မိတ်ဆွေတို့အဆင်ပြေစေရန်  ပြန်လည်မျှဝေခြင်းပါ။
အမျိုးကောင်းသားကနေ ယူပြီးမျှဝေလိုက်ပါတယ်... လိုအပ်ချက်များရှိပါက................
                     သည်နေရာမှာဘဲ    သွားပြီးကွန်မက်ပေး မေးမြန်းနိုင်ပါတယ်..နော်


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com
www.ledimyethar.com
www.ninilayy.com

Read More အလွယ်ကူဆုံးလုပ်ကြမယ်

  ( အသစ်များအတွက်ပါ )


 မိမိတို့ဘလော့မှာ Auto Read More မပါတဲ့ တက်ပလက်ပိုင်ရှင်များအတွက် အလွယ်ကူဆုံး ပို့စ်
ခေါက်နည်းလေးကို ဒုတိယအကြိမ် အဖြစ် တင်ပြလိုက်ခြင်းဖြစ်ပါတယ်... ဒါလေးက လွယ်ကူပါတယ်...
ပို့စ်တင်တိုင်း  ကိုယ်တိုင် လုပ်ပေးးရတာတော့အလုပ်တခုပိုလာတာပေါ့လေ..ဒါပေမယ့် စိတ်ကြိုက် နေရာ
ကနေ ဆွဲဖြတ် ခေါက်လို့ရပါတယ်... အောက်မှာ လေ့လာလိုက်ပါနော်...
 ၁။ Blogger Posts မှာ Read More(ဆက်ဖတ်ရန်) ဆိုတဲ့ Button(ခလုဒ်) လေးကို ထည့်နည်း/ထားနည်း


 အပေါ်ပုံရှင်းလင်းချက်  ။    ။  ပို့စ်တင်တဲ့နေရာအပေါ်ဘားကိုကြည့်ပါ... Link ဆိုတာရဲ့နောက်မှာ
                                       ဓါတ်ပုံတင်တာရှိမယ်..ဗွီဒီယိုတင်တာရှိမယ်... အဲနောက်မှာ စာရွက်အပြတ်လေးပုံမျိုးလေး ရှိပါတယ်... အဲတာလေးနဲ့ အလုပ် လုပ်သွားးတာပါဘဲ... တင်တိုင်းပေါ့နော်.
မိမိတို့ ဘလော့မှာ ပေါ်ခြင်သလောက် နေရာရဲ့နောက်မှာ မောက် ကာဆာတချက်ချပြီးတာနဲ့...အဲသည်
စာရွက်ပြတ်လေးကို ကလစ်ပေးလိုက်ပါ...အော်တို မျဉ်းးတားပေးပါလိမ့်မယ်....နော်


အပေါ်ပုံရှင်းလင်းချက်   ။      ။ စောစောက မျဉ်းတားတာလေးကို အပေါ်က HTML ကလစ်ကြည့်တာနဲ့
                                       <..more.....> ဆိုပြီးပေါ်လာမယ်..အနြေရာမှာ နှစ်သက်သလို ပြောင်းပြီး
ရေးနှို်င်ပါတယ်... ဒါဆို မိမိတို့ ပို့စ် ခေါက်ခြင်းအောင်မြင်ပါပြီ.....

၂။ Feedburner မှာ Read More(ဆက်ဖတ်ရန်) ဆိုတဲ့ Button(ခလုဒ်) လေးကို ထည့်နည်း/ထားနည်း



မိမိတို့ ဘေလာ့ကာဝင်ပြီး setting ကိုသွားလိုက်ပါနော်....


 setting စာမျက်နှာရောက်တာနဲ့  အောက်ဆုံးက other ဆိုတာဆက်ကလစ်ပေးလိုက်ပါ။

ကွန်ပြူတာမှာ နာရီ ရဲ့ တိုင်းဇုန်တွေညှိလို့ မရခဲ့ရင်

 

ကွန်ပြူတာမှာ နာရီ ရဲ့ တိုင်းဇုန်တွေညှိလို့ မရခဲ့ရင်

 
 
 
 
ကျွန်တော် ဒီနေ့မျှဝေခြင်တာလေးကတော့ ကျနော့ရဲ့ ကိုယ်တွေ့လေးပါ
ကွန်ပြူတာသုံးနေတဲ့  ညီအကိုတွေလဲ ဖြစ်ခဲ့ရင်ခေါင်းမစားရအောင်လို့ ဒါလေးကိုပြန်လည်
မျှဝေလိုက်ပါတယ်
ကျနော်သုံးတာက window7 ပါ။ကျနော်တက်သလောက် အမျိုးမျိုး ချိန်းကြည့်တယ်ပြောင်းကြည့်တယ်။
မရဘူး။ ၃ ယောက်လောက် ကိုပြောင်းပီး အကူအညီ တောင်းကြည့်တယ် Teamviewer နဲ့ ပါလုပ်တယ်
လုပ်ပေးတယ် မရဘူး။ လူကိုဗြောင်းဆန်နေအောင် ရှာတယ် ရှာလို့ကိုမတက်တော့ဘူး။
ဒါနဲနောက်ဆုံး အမြဲတမ်းအလုပ်ရှုပ်နေတက်တဲ့ အကိုကြီး ကိုဝင်း(ဝင်းကမ္ဘာကျော်)  ကိုသွားမေးတော့
" ညီလေး ဒါလေးဖတ်ကြည့်ပြီး တော့ .reg ဖိုင်လေးကို run လိုက်" လို့ပြောတယ်။
သူပြောတာနဲ့ အဲဒီမှာ အဆင်ပြေသွားပါတယ်။ ကိုဝင်း...ရေ ..ကျေးဇူးပါနော်.....
ကျနော်ဖြစ်တာလေးတွေကိုအောက်မှာပုံနှင့်တကွ ရှင်းပြထားပေးပါတယ်။
နားလည်နိုင်ကြမယ်လို့ထင်ပါတယ်။ကျနော်ရဲ့ မကျွမ်းကျင်မှု့ကြောင့်နားမလည်တာရှိရင်
ပြန်အော်ခဲ့ပါ။ခွင့်လွှတ်ပေးကြပါ
၁။အောက်ကပြထားတဲ့နာရီကမမှန်တော့ပါဘူး။အဲ့ဒါကို မှန်အောင်ပြန်တိုက်ချင်တာ။
အခု့ပြထားတဲ့ နာရီပေါ်မှာ right click နှိပ်လိုက်ပါ Adjust time/date ဆိုတာလေးကိုနှိပ်လိုက်ပါ။


၂။အောက်မှာပြတဲ့ အတိုင်းပေါ်နေရပါမယ်။ဒါပေမယ့်ကျနော်ဟာကတော့ ဒီလိုမဟုတ်ပါဘူး။


၃။ဒီလိုကြီးဖြစ်နေတယ်။ဘာမှကိုလုပ်လို့မရဘူး reset တောင်လုပ်လို့မရဘူး



သွားပြောင်းတယ်ဆိုရင်တောင် ok မှာ နှိပ်လို့မရတော့ပါဘူး
၎။နောက်ဆုံး cmd မှာရိုက်ပြီး ပြင်တာတောင်မရတော့ပါဘူး
ကိုဝင်းနည်းအတိုင်းပြင်ဆင်ခြင်း
ကိုဝင်းက လင့်လေးတခု့ပေးတယ် အောက်မှာရှင်းထားတယ်နော် 
1. အောက်မှာပေးထားတဲ့ ဒေါင်းလုပ် ဆိုတာကို ကလစ်ပြီးတော့ .reg ဖိုင်လေးကိုဒေါင်းလိုက်ပါ 
Restore_All_Windows_7_Default_Time_Zones.reg
download
2.  .reg  ဖိုင်လေးကို  desktop ပေါ်မှာ save လိုက်ပါ။အတုံးအတုံး ပြန့်ကျဲနေတဲ့ ပုံစံနဲ့ desktop ပေါ်မှာရပါလိမ့်မယ်။အောက်မှာပြထားတယ်နော်။

3. အပေါ်ကရလာတဲ့.reg ဖိုင်လေး ကို right click နှိပ်ပြီး Merge ဆိုတာလေးကိုရွေးလိုက်ပါ
4.  Merge  ကို click နှိပ်ပြီး run လိုက်ပါ ပြီးတော့ Yes (UAC), Yes, ပြီးတော့ ok နှိပ်လိုက်ပါ
5. ok  နှိပ်တာဟာ နောက်ဆုံးအဆင့်ပါ အဲဒါလေးပြီးသွားရင် မိမိကွန်ပြူတာကို restart (သို့) log off  နဲ့ဖြစ်ဖြစ် ပိတ်လိုက်ပါ ။ပြန်ပွင့်လာရင် အားလုံး အဆင်ပြေသွားပါပြီ။
6. နောက်ဆုံးကတော့ .reg ဖိုင်လေးကို delete ပြစ်လိုက်ပါ။
Thanks to Shawn  and  ကိုဝင်း




ကိုလတ်(ကျွဲဆင်း)