AppleInsider က ထွက်ပေါ်လာတဲ့ နောက်ဆုံး သတင်းတွေ အရ Apple ဟာ ကားတွေနဲ့
ချိတ်ဆက်ဖို့ နည်းပညာ အချို့ကို မူပိုင်ခွင့် တင်ထားတယ်လို့ သိရပါတယ်။
သူတို့ တင်ထားတဲ့ မူပိုင်ခွင့်အချို့မှာတော့ ကားကို အဝေးကနေ
ဖွင့်နိုင် ၊ စက်နို်းနိုင် ဖို့ နည်းပညာတွေ ပါဝင်ပြီး ကားရပ်ဖို့
နေရာရှာဖွေပေးနိုင်တဲ့ app တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို
နည်းပညာတွေမှာ မိဘတွေအနေနဲ့ သားသမီးတွေကို ကားငှားပေးတဲ့ အခါ ညအချိန်
စက်နိုးလို့ မရအောင် ၊ မပေးသုံးချင်တဲ့အချိန်မှာအသုံးပြုခွင့် မရအောင်
စတဲ့ ထိန်းချုပ်မှုတွေကို ပြုလုပ်နိုင်ဖို့ ရှိပြီး ကားနဲ့ Bluetooth
နည်းပညာ အားဖြင့် ချိတ်ဆက်သွားမှာပါ။ မူပိုင်ခွင့် တင်ထားတဲ့ အဆင့်ပဲ
ရှိပြီး တကယ်ထည့်သွင်းမယ် ၊ အကောင်အထည်ဖော်မယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်း
အဆင့်တော့ မဟုတ်သေးပါဘူး။
This is copy from Tolay(technology)
0 comments:
Post a Comment