Powered By Blogger

Friday, July 12, 2013

ဆံစ မှ ခြေဖျားထိ ဝေါဟာရများ အပိုင်း- ၁၂ (Neck)



Photo
လည်ပင်း(Neck) နှင့်ပတ်သက်သော ဝေါဟာရ အသုံးအနှုန်းများ
ဆံစမှ ခြေဖျားအထိ ဝေါဟာရအသုံးအနှုန်းများတွင် ယခုတစ်ပတ်အတွက် လည်ပင်း (Neck) နှင့် ပတ်သက်သော ဝေါဟာရ အသုံးအနှုန်းများကို ဆက်လက် မျှဝေလိုက်ပါသည်။
လည်ပင်း (Neck)ကို နာမ်(noun) အဖြစ်သုံးသော ဝေါဟာရပုံစံများ

Neck (n) - လည်ပင်း၊ လည်တိုင်
Giraffes have very long necks. (သစ်ကုလားအုပ်)
He craned his neck to see over the heads of the crowd. (crane his neck - လည်ဆန့်သည်)
She wore a gold chain around her neck. (သူ့ လည်တိုင်မှာ ရွှေဆွဲကြိုး ဆွဲထားတယ်)
Neck (n) - လည်ပင်းကော်လာ
My shirt is a little tight in the neck. (ကျွန်တော် အင်္ကျီလည်ပင်း က နည်းနည်း ကြပ်နေတယ်)
Neck (n) - အရာဝတ္ထု လည်ပင်း
The neck of a bottle/ violin/ guitar (ဂစ်တာ၊ တယော၊ ပုလင်း စသည်တို့၏ လည်ပင်း)
လည်ပင်း (Neck)ကို ကြိယာ(verb) အဖြစ်သုံးသော ဝေါဟာရပုံစံများ

neck/ necked/ necked/ necking
Neck (v) - လည်ချင်း ယှက်သည်၊ နမ်းသည်။
The two of them were necking on a park bench. (ပန်းခြံထဲက ခုံတန်းလျား ပေါ်မှာ သူတို့ နှစ်ယောက် …………)
လည်ပင်း(Neck)ကို အီဒီယမ် အဖြစ်သုံးသော ဝေါဟာရပုံစံများ

get it in the neck [IDM] – ပြင်းထန်စွာ ပြစ်တင်ခြင်း၊ အပြစ်ပေး ခံရသည်။
You will get it in the neck if you’re caught stealing. (မင်းခိုးတာ မိသွားလို့ကတော့ မင်း ပြင်းပြင်း ထန်ထန် အပြစ်ပေးခံရလိမ့်မယ်)
Bob got it in the neck for being late. (ဘော့ဘ် တစ်ယောက် နောက်ကျလို့ အပြစ်ပေးခံရတယ်/ အပြစ်တင်ခံရတယ်)
neck and neck (with sb/sth) [IDM] – (ပြိုင်ပွဲ၊ မြင်းပွဲ စသည်တို့၌) သူမသာ ကိုယ်မသာ၊ အကြိတ်အနယ်
The leading runners are neck and neck. (ပြိုင်ပွဲမှာ ထိပ်ဆုံးက သူတွေက သူမသာ ကိုယ်မသာ၊ အကြိတ်အနယ် ပဲ)
neck of the woods [IDM] – မထင်မှတ်သော နေရာ
What are you doing in the neck of the woods?
We don’t see you in the neck of the woods.
risk/ save one’s neck [IDM] – ကိုယ်အသက် ကိုယ်လု
He won’t help you – he is only interested in saving his own neck. (မင်းကို သူ ကူညီလိမ့်မှာ မဟုတ်ဘူး၊ သူက သူအသက်ပဲ သူလု ဖို့ စိတ်ဝင်စားတယ်)
breathe down sb’s neck [IDM] – မျက်လုံး ဒေါက်ထောက် ကြည့်သည်
It’s awful having a boss who breathes down your neck all the time. (မျက်လုံး ဒေါက်ထောက် ကြည့်နေတဲ့ သဌေး ရှိနေတာ တကယ် စိတ်မသက်သာ စရာပဲ)
be up to one’s neck (in sth) [IDM] – အလွန် အလုပ်ရှုပ်သည်၊ နစ်နေသည်
I’d like to help, but I’m up to my neck at that moment. (ငါ တကယ်ကို ကူညီချင်ပါတယ်၊ ဒါပေမဲ့ ငါကိုယ်တိုင်က ခုအချိန်မှာ အရမ်း အလုပ်ရှုပ်နေတယ်)
She is up to her neck in debt/ problems. (သူ က အကြွေးတွေ/ ပြဿနာတွေ နဲ့ နစ်နေတယ်)
လည်ပင်း (Neck)နှင့် ဆက်စပ်နေသော အခြား အသုံးအနှုန်းများ

Neckline                  - လည်ပင်း အဝိုက်(a dress with a high/ low neckline)
Necktie                   - လည်စည်း၊ နက်ကတိုင် (ကြောင်လျှာသီး)
Necklace                 - လည်ဆွဲ
Crew neck               - အင်္ကျီလည်ပင်းပေါက် အဝိုင်း (သေဘၤသားအက်ႌ၊ တီရွပ္အက်ႌ လည်ပင်းကဲ့သို့)
Polo neck/ roll neck  - ကိုးရီးယာ ဆွယ်တာ အင်္ကျီလည်ပင်းကဲ့သို အခေါက် ပုံစံ အင်္ကျီ လည်ပင်း
အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း ဝေါဟာရ ကြွယ်ဝကာ လိုသလို အသုံးပြုနိုင်ကြပါစေ ……
အောင်ကိုဦး(UMK)
Phone: (95) 9 421752568

0 comments:

Post a Comment