Powered By Blogger

Saturday, July 20, 2013

“နေ့စဉ်ပြောကြား အင်္ဂလိပ်စကား



 Photo

ယခုတစ်ပတ်တွင် လုပ်ငန်းကိစ္စများ ချိန်းဆိုခြင်း၊ ချိန်းဆိုမှုကို လက်ခံခြင်း၊ ချိန်းဆိုမှု ပယ်ဖျက်ခြင်း စသည့် စကားပြောပုံစံများကို ဆက်လက် ရေးသား လိုက်ပါသည်။ အင်္ဂလိပ်ဘာသာစကား ပြောဆိုရာတွင် ကိစ္စရပ် တစ်ခုခုအတွက် ချိန်းဆိုခြင်း၊ ချိန်းဆိုမှုကို ပယ်ဖျက်ခြင်းများသည် အရေးပါသော skill တစ်ခု ဖြစ်ပါသည်။
“Making an appointment (ချိန်းဆိုခြင်း)”
          ကိစ္စရပ်တစ်ခုကို ချိန်းဆိုရာတွင် ချိန်းဆိုခြင်း၊ ချိန်းဆိုမှုကို အကြောင်းပြန်ခြင်း၊ ပယ်ဖျက်ခြင်း စသည့် စကားပြောပုံစံများကို သိထားသင့်ပါသည်။
အောက်ဖော်ပြပါ နမူနာပုံစံများကို အသုံးပြုကာ ရှင်းရှင်းလင်းလင်း ဖြင့် ကျစ်ကျစ်လျစ်လျစ် လိုရင်းတိုရှင်း ပြောနိုင်ပါသည်။
တွေ့ဆုံရန်အတွက် မေးမြန်းလျှင်
Are you
ခင်ဗျား
available on... / next...?
နောက်တစ်ပတ် …… နေ့ အဆင်ပြေမလား
 
free on... / next...?
နောက်တစ်ပတ် …… နေ့ အားမလား
Can we
ကျွန်တော်တို့
meet on... / next ...?
နောက်တစ်ပတ် …… နေ့မှာ တွေ့နိုင်မလား
Would
next ... be ok?
နောက်တစ်ပတ် …… ဆိုရင် အဆင်ပြေမလား
What about
next ... ?
နောက် …… ဆိုရင်ကော(ရော)
Is
next ... ok?
နောက် …… ဆိုရင် အဆင်ပြေမလား
ဥပမာ -
-       Are you available on the 17th?
ခင်ဗျား ဇွန်လ (၁၇) ရက်နေ့မှာ ရမလား
-       Can we meet on the 16th?
ကျွန်တော်တို့ (၁၆) ရက်နေ့မှာ တွေ့နိုင်မလား
-       Are you free next week?
ခင်ဗျား နောက်တစ်ပတ် အားလား
-       Would Friday suit you?
သောကြာနေ့ဆို ခင်ဗျား အဆင်ပြေလား
-       Is next Tuesday convenient for you?
နောက်တစ်ပတ် အင်္ဂါနေ့မှာ ခင်ဗျား အဆင်ပြေလား
-       What about sometime next week?
နောက်တစ်ပတ် တစ်ချိန်ချိန် ဆိုရင်ကော(ရော)
“Responding to an appointment (ချိန်းဆိုမှုကို အကြောင်းပြန်ခြင်း)”
Yes,
ဟုတ်ကဲ့ပါ၊
... is fine
… က အဆင်ပြေပါတယ်။

.... would be fine.
…… ဆိုရင် အဆင်ပြေမှာပါ။
....
.... ဆိုရင်
suits me
ကျွန်တော့်အတွက် အဆင်ပြေပါတယ်။

would be perfect.
အကောင်းဆုံး ဖြစ်မှာပါ။
I'm afraid
အားတော့နာတယ်

I'm sorry
စိတ်မကောင်းပါဘူး
I can't on ....
… မှာ ကျွန်တော် အဆင်မပြေဘူး

I won't be able to... on ...
… မှာ ကျွန်တော် မ .... နိုင်လောက်ဘူး။
I really don't think I can
ကျွန်တော် တကယ် မထင်ဘူး
on ...
… နေ့မှာ လုပ်နိုင်မယ်လို့
ဥပမာ -
-       Yes, Monday is fine.
ဟုတ်ကဲ့ပါ၊ တနင်္လာနေ့ဆို ကောင်းပါတယ်။
-       Monday suits me.
တနင်္လာနေ့ဆို အဆင်ပြေပါတယ်။
-       Thursday would be perfect.
ကြာသပတေးနေ့ဆို ကောင်းပါတယ်။
-       I'm afraid I can't on the 3rd. What about the 6th?
အားတော့နာတယ်ဗျာ … (၃) ရက်နေ့ ကျွန်တော် အဆင်မပြေလို့ဗျ၊ (၆) ရက်နေ့ဆိုရင်ကော(ရော)
-       I'm sorry, I won't be able to make it on Monday. Could we meet on Tuesday?
စိတ်တော့မကောင်းဘူးဗျာ၊ တနင်္လာနေ့ ကျွန်တော် မလုပ်နိုင်လို့၊ အင်္ဂါနေ့မှ တွေ့ရအောင်။
-       I really don't think I can on the 17th. Can we meet up on the 19th?
(၁၇) ရက်နေ့ ဖြစ်နိုင်မယ်လို့ ကျွန်တော် တကယ် မထင်ဘူးဗျာ၊ (၁၉) ရက်နေ့မှ တွေ့လို့ ရနိုင်လား
“Cancelling an appointment (ချိန်းဆိုမှုကို ပယ်ဖျက်ခြင်း)”
ချိန်းဆိုမှုများကို အောက်ပါ ဥပမာ ဝါကျများကို အသုံးပြုကာ ပယ်ဖျက်နိုင်ပါသည်။
-       Unfortunately, due to some unforeseen business, I will be unable to keep our appointment for tomorrow afternoon.
ကံမကောင်းစွာနဲ့ပဲ ၊ မမျှော်လင့်ထားတဲ့ ကိစ္စကြောင့် မနက်ဖြန် နေ့လည် ချိန်းထားတာ ကျွန်တော် အဆင်မပြေတော့ဘူးဗျာ။
-       Would it be possible to arrange another time later in the week?
ဒီတပတ်အတွင် နောက်မှ စီစဉ်လို့ အဆင်ပြေနိုင်မလား/ ဖြစ်နိုင်မလား
-       I’m afraid that I have to cancel our meeting on Wednesday, as something unexpected has come up.
ဗုဒ္ဓဟူးနေ့ ချိန်ထားတာကို ဖျက်ရမှာ အားတော့နာတယ်ဗျာ …၊ မမျှော်လင့်ထားတဲ့ ကိစ္စလေး ပေါ်လာလို့ပါ။
-       I'm afraid that I'm not going to be able to meet you after all. Can we fix another time?
ဘယ်လိုပဲဖြစ်ဖြစ်(မည်သို့ဆိုစေ) ခင်ဗျားနဲ့ ကျွန်တော် မတွေ့နိုင်တော့တဲ့အတွက် အားနာတယ်ဗျာ …၊ နောက်တစ်ကြိမ်မှပဲ ဖြစ်နိုင်မလား။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”
အောင်ကိုဦး(UMK)

1 comment:

  1. ကျွန်တော်ရဲ့ စာတွေကို ဆက်လက်မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ blog နဲ့ facebook ကိုလည်း အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။
    www.siraungkou-umk.blogspot.com
    www.facebook.com/aungkou

    ခင်မင်မှုဖြင့်
    အောင်ကိုဦး(UMK)

    ReplyDelete