(စာပိုဒ်ဖွဲ့စည်းခြင်း)
ယခင်တစ်ပတ်က
တင်ပြခဲ့သော စာတစ်ပုဒ် ရေးသားရန် အတွက် အစီအစဉ် အဆင့်ဆင့် စီစဉ်ပြီးလျှင် ယခုတစ်ပတ်တွင်
စာပိုဒ်တစ်ပိုဒ်ကို မည်သို့ ဖွဲ့စည်းတည်ဆေက်ရမည်ကို ဆက်လက် တင်ပြသွားပါမည်။ စာပိုဒ်တစ်ပိုဒ်
ရေးသားရာတွင် Topic Sentence, The Body (Supporting sentences), The Concluding
Sentence ဟု အစိတ်အပိုင်း (၃) ခုပါဝင်ပါသည်။
THE TOPIC SENTENCE
Topic Sentence သည် စာပိုဒ်တစ်ပိုဒ်၏ အရေးကြီးဆုံးသော
ဝါကျပင်ဖြစ်ပါသည်။ ၎င်းသည် စာပိုဒ်၏ အဓိကကြောင်းအရာကို ဖော်ပြနိုင်ရမည်။ ၎င်းက စာတစ်ပိုဒ်လုံး၏
ဆိုလိုရင်းကို ပေါ်လွင်စေရပါမည်။ Topic Sentence တွင် Topic နှင့် Controlling Idea
ဟူ၍ ၂ ပိုင်း ပါရှိသည်။ Topic ဆိုသည်မှာ စာပိုဒ်၏ အဓိကအကြောင်းအရာဖြစ်ပြီး Controlling
Idea ဆိုသည်မှာ တင်ပြမည့် အဓိကအကြောင်းအရာကို ပေါ်လွင်အောင် ဖော်ပြပေးရမည်။
ဥပမာ 1. New York has excellent public transportation.
Topic controlling idea
2.
New York has interesting people.
Topic controlling idea
3. The
modern study of biology consists of three
basic areas.
Topic controlling idea
4.
There are four main kinds of love.
controlling idea Topic
5. Planning
a scientific experiment requires five
specific steps.
Topic controlling idea
THE
BODY (SUPPORTING SENTENCES)
အဓိက အကြောင်းအရာကို တင်ပြပြီးလျှင် စာကိုယ်ကို တည်ဆောက်
ရပါမည်။ ၎င်းက စာပိုဒ်တစ်ပိုဒ်လုံး၏ အဓိကအကြာင်းအရာကို ပေါ်လွင်အောင် အသေးစိတ် ရေးသားဖော်ပြရပါသည်။
အသေးစိတ် အချက်အလက်၊ ဥပမာများ၊ အတွေ့အကြုံများဖြင့် စာပိုဒ်ကို အသက်ဝင်လာအောင် ရေးသား
ရပါမည်။ Topic Sentence ကို အထောက်အကူပေးနိုင်ရန် နည်းလမ်းများစွာရှိပါသည်။
အများဆုံး ရေးသားသော ပုံစံတစ်ခုမှာ အကြောင်းအရာ
အချက်အလက်များ နှင့် ကိန်းဂဏန်း အချက်အလက်များကို အသုံးပြုကာ တင်ပြခြင်း ဖြစ်သည်။
ဥပမာ(၁) Colorado
is an interesting state. It has 104.247
square miles and almost three million people. Since 1920, the percentage of
rural dwellers has sharply decreased, going from 51.8 % in 1920 to 19.4 % in
1980. Colorado is called the Centennial State because it joined the Union in
1876, one hundred years after U.S declared its independence. Colorado's main industries
are mining, manufacturing, agriculture, and tourism. As most residents would
say, Colorado is a great state.
တိကျသော
ဥပမာ ဝါကျများဖြင့်လည်း Topic Sentence ကို ပေါ်လွင်အောင် တင်ပြနိုင်ပါသည်။
ဥပမာ(၂) Colorado
is an interesting state. It is perhaps best
known as the Rocky Mountain State. Indeed, these mountains seem to dominate
most views in Colorado. Denver and Colorado Springs are the state's two largest
cities. Both have unique identities. Not far outside Denver is Red Rocks. This
is a beautiful natural amphitheater where some of Denver's most memorable
concerts have been staged. In the southwest corner of the state is Mesa Verde,
where there are ancient Indian cliff dwellings. All in all, Colorado is a great
state.
သရုပ်ဖော်
အရေးအသားများဖြင့်လည်း Topic Sentence ကို ဖော်ပြနိုင်သည်။ ၎င်းသည် အများအားဖြင့် ကိုယ်ပိုင်
အတွေအကြုံကို အခြေခံကာ ဖော်ပြလေ့ရှိကြသည်။
ဥပမာ(၃) Colorado
is an interesting state. On our vacation
there last summer, we went hiking in the Rocky Mountains. These mountains
stretch from north to south through the entire state. We also visited my cousin
who lives in Denver. The U.S Mint was the most fascinating place in that city
for me. Later on, we saw some old Indian dwellings in Mesa Verde. These houses
were actually built in cliffs! Colorado is definitely a great state for a
vacation.
THE
CONCLUDING SENTENCE
Concluding Sentence ကို ရေးသားလျှင် အဓိက အကြောင်းအရာကို
တိကျပေါ်လွင်ပါစေ၊ စာပိုဒ်တစ်ပိုဒ်၏ အဆုံးသတ် Concluding Sentence သည် နောက်ထပ်စာပိုဒ်
တစ်ပိုဒ်၏ Topice Sentence နှင့် ဆက်စပ် နေရပါမည်။
ဥပမာ- For
three reasons, sea level raise is a climate change impact. (Concluding Sentence)
Another
key stressor from climate change is extreme weather. (Topic Sentence in following paragraph)
Concluding
Sentence သည် Topic Sentence ၏ ဆိုလိုရင်းကို ဆက်စပ်မိစေရပါမည်။ Concluding
Sentence ၏ အရေးပါမှုကို ပြန်လည်စစ်ဆေးပါ၊ တစ်ခါတစ်ရံ Concluding Sentence မလိုအပ်သည်
ကိုလည်း တွေ့ရသည်။ "in conclusion", "in summary", "in
closing", or "as shown in the essay." စသည့် မလိုလားအပ်သော အဆုံးသတ်ပုံစံများဖြင့်
Concluding Sentence ကို မရေးသင့်ပါ၊ အဆိုပါပုံစံများသည် ပြောစကား (Spoken
English)များတွင်သာ အဓိက သုံးလေ့ရှိပါသည်။ တစ်ခါတစ်ရံ မိမိပြောလိုသော ဆိုလိုရင်းကို
ထိရောက်ရန် စကားလုံးအနည်းငယ်သာ အသုံးပြုရန်လိုပါသည်။
Concluding Sentence ကို ရေးသားရာတွင် အခြေခံအားဖြင့်
ပုံစံ နှစ်မျိုးဖြင့် ရေးသားနိုင်ပါသည်။ ပထမ ပုံစံတစ်မျိုးမှာ Topic Sentence ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပြီး
စကားလုံး အသုံးအနှုန်းကို မတူစေရန် သတိထားရပါမည်။ ဒုတိယ ပုံစံတစ်မျိုးမှာ တင်ပြခဲ့သော
အကြောင်းအရာ အားလုံးကို အနှစ်ချုပ် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
စာတစ်ပိုဒ် ဖွဲ့စည်းခြင်းသည် Hamburger တစ်ခုကဲ့သိုပင်
Topic Sentence နှင့် Concluding Sentence ဟူသော ပေါင်မုန့် ၂ ချပ်ကြားတွင်
Supporting Sentences ဟူသော အဆာပလာများ ထည့်သွင်းလိုက်ခြင်းဖြင့် စာတစ်ပိုဒ် ဖြစ်လာသည်။
ဟန်ချက်ညီသော စာပိုဒ်တစ်ပိုဒ် ဖွဲ့စည်းတည်ဆောက် နိုင်ရန်အတွက် အခြေခံ စာပိုဒ်ဖွဲ့စည်းပုံကို
ရေးသားတင်ပြ လိုက်ပါသည်။
0 comments:
Post a Comment