(Skimming)
ယခင်တစ်ပတ်က အင်္ဂလိပ်စာဖတ်ရာတွင် အသုံးပြုသည့်
နည်းစနစ်များကို အကြမ်းအားဖြင့် ပြောပြခဲ့ပါသည်။ ယခုတစ်ပတ်တွင် ၎င်းတို့အနက်မှ Skimming
အကြောင်းကို အသေးစိတ် ဆက်လက် ပြောပြလိုပါသည်။ တစ်ခါတစ်ရံ စာဖတ်သည့်အခါ စာတစ်ပုဒ်လုံးကို
ဖတ်ရှုခြင်းထက် အဓိကဆိုလိုရင်း အကြောင်းအရာများကို ဦးတည်ဖတ်ရှုရန်လည်း လိုအပ်သည်။ ထိုအခါ
စာပိုဒ်တစ်ပိုဒ်၊ စာပုဒ်တစ်ပုဒ် (သို့မဟုတ်) စာအုပ်တစ်အုပ်လုံးကို ခြုံငုံ၍ ဆိုလိုရင်းအကြောင်းအရာ
အကျဉ်းချုပ်ကိုသာ ရရှိရန် အမြန် ဖတ်သော နည်းစနစ်တစ်မျိုးကို Skimming ဟုဆိုနိုင်သည်။
စာအုပ်တစ်အုပ်တည်း၊ စာပုဒ်တစ်ပုဒ်တည်း၊ စာပိုဒ်တစ်ပိုဒ်တည်း တွင် မိမိလိုအပ်ချက်နှင့်
သက်ဆိုင်သော အကြောင်းအရာများအားလုံး ပါဝင်သည်မှာ ရှားပါသည်။ ထို့ကြောင့် လိုအပ်ချက်များနှင့်
ကိုက်ညီသည်ကို ရှာဖွေဖတ်ရှုရန်အတွက် Skimming ကို အသုံးပြုကြရသည်။ ဥပမာ စာသင်ခန်းတွင်
ဆရာ၊ဆရာမများက နောက်တစ်ပတ်တွင် ဆွေးနွေးမည့် အကြောင်းအရာတစ်ခု ပေးလိုက်ပြီး လိုအပ်သော
စာအုပ်များ ဖတ်ခိုင်းသည့်အခါ စာအုပ်တွင် ပါဝင်သော အကြောင်းအရာများ အားလုံးကို အလွတ်ရွတ်ဆိုပြရန်
မလိုသည့်အတွက် အားလုံးကို အလွတ်ကျက်မှတ်ရန် မလိုအပ်ပါ၊ သို့ရာတွင် ပေးထားသော အကြောင်းအရာနှင့်
သက်ဆိုင်သည်များကို ဆွေးနွေးနိုင်ရန် ပေးထားသည့်ခေါင်းစဉ်နှင့် သက်ဆိုင်သည့် အဓိကဆိုလိုရင်းအကြောင်းအရာများကိုသာ
ဦးတည်ဖတ်ရမည် ဖြစ်သည်။ ထို့အပြင် စာကြည့်တိုက်၊ စာအုပ်ဆိုင်များတွင် စာအုပ်ငှားသည့်အခါ (သို့မဟုတ်)
ဝယ်သည့်အခါ စာအုပ်တစ်အုပ်လုံးကို အသေးစိတ် ဖတ်ရန်မလိုအပ်ဘဲ လိုချင်သည့် အကြောင်းအရာများ
ပါ၊ မပါသိရှိရန် စာအုပ်တစ်အုပ်လုံး၏ စ၊လယ်၊ဆုံး ကို Skim လုပ်ပြီး မြန်မြန်ဖတ်ကာ ဆုံးဖြတ်ရပါမည်။
စာရေးသူအမည်၊ စာအုပ်အမျိုးအစား၊ ဇာတ်လမ်း အနေအထားများကို Skim လုပ်ပြီး လိုချင်သည့်
စာအုပ်ကို ရွေးချယ်ရမည် ဖြစ်သည်။
နေ့စဉ်နှင့်အမျှ အကြောင်းအရာပေါင်းများစွာ၊
စာအုပ်ပေါင်းများစွာကိုဖတ်ရှုရန် လိုအပ်သည့် အတွက် Skimming က စာဖတ်သူအတွက် အချိန်ကို
သက်သာစေပါသည်။ Skim လုပ်ရန်အတွက် စာမျက်နှာတစ်ခုလုံး
အမြန်ဖတ်ပြီးလျှင် မည်သည့် အကြောင်းအရာကို အသေးစိတ် ဖတ်ရမည်ကို ဆုံးဖြတ် နိုင်သည်။
စကားလုံးတိုင်းကို ဖတ်ရန် မလိုအပ်ပါ။ သို့ရာတွင် တစ်ခါတစ်ရံ အဓိက အကြောင်းအရာများကို
မျက်စိလျှမ်းတတ်သည်ကိုလည်း သတိထားရမည်။ ပထမဆုံး စာအုပ်ကို ဖွင့်လိုက်သည်နှင့် စာအုပ်တွင်
ပါဝင်သော မိတ်ဆက်စကား၊ နိဒါန်း၊ ခေါင်းစီး၊ ခေါင်းစဉ်ခွဲများ၊ ရုပ်ပုံအညွှန်းများ၊ ရုပ်ပုံများ၊
ဇယားများ၊ စာလုံးအမည်းများ၊ စာလုံးစောင်းများ၊ မျဉ်းသားထားသော စကားလုံးများ၊ ဇာတ်လမ်း
အချိတ်အဆက် သဘောတရားများ၊ သုံးသပ်ချက်၊ စာအုပ်အညွှန်းများ စသည်တို့ကို Skim လုပ်ရမည်။
လိုအပ်သော အချက်အလက်များ ပါဝင်သည့်စာမျက်နှာကို
သိရှိရန် မာတိကာကို ဦးစွာဖတ်ပါ၊ အခြားသောဆက်စပ်သည့် အကြောင်းအရာများ ဖော်ပြထားသည့်နေရာကိုလည်း
တပြိုင်တည်းဖတ်ပြီး မှတ်ခဲ့ပါ။ သက်ဆိုင်ရာ စာမျက်နှာများတွင် စာပိုဒ်များ၏ ပထမစာကြောင်းများကို
ဦးစွာဖတ်ပါ၊ ပထမစာကြောင်းများတွင် စာရေးသူပြောလိုသော ယေဘုယျ အကြောင်းအရာကို တွေ့နိုင်သည်။
THE PERSONAL QUALITIES OF A TEACHER
Here I want to try to give you an
answer to the question: What personal qualities are desirable in apple teacher?
Probably no two people would draw up exactly similar lists, but I think the
following would be generally accepted.
First, the teacher's personality should be pleasantly live and attractive.
This does not rule out people who are physically plain, or even ugly, because
many such gave great personal charm. But it does rule out such types as the
over-excitable, melancholy, frigid, sarcastic, cynical, frustrated, and
over-bearing: I would say too, that it excludes all off dull or purely negative personality. I still
stick to what I said my earlier book: that school children probably 'suffer
more from bores than from brutes'.
Secondly, it is not merely
desirable but essential for a teacher to have a genuine capacity for sympathy - in the literal meaning of that word;
a capacity to tune in to the minds and feelings of other people, especially,
since most teachers are school teachers, to the minds and feelings of children.
Closely related with this is the capacity to be tolerant- not, indeed of what
is wrong, but of the frailty and immaturity of human nature which induce
people, and again especially children, to make mistakes.
Thirdly, I hold it essential for a
teacher to be both intellectually and morally honest.
This does not mean being a plaster saint. It means that he will be aware of his
intellectual strengths, and limitations, and will have thought about and
decided upon the moral principles by which his life shall be guided. There is
no contradiction in my going on to say that a teacher should be a bit of an actor.
That is part of the technique of teaching, which demands that every now and
then a teacher should be able to put on act - to enliven a lesson, correct a
fault, or award praise. Children, especially young children, live in a world
that is rather larger than life.
A teacher must remain mentally alert. He
will not get into the profession if of low intelligence, but it is all too
easy, even for people of above-average intelligence, to stagnate intellectually
and that means to deteriorate intellectually. A teacher must be quick to adapt
himself to any situation, however improbable and able to improvise, if
necessary at less than a moment's notice.
(Here I should stress that use
'he' and 'his' throughout the book simply as a matter of convenience.)
From- http://www.slideshare.net/ Reading
Strategies
ကျန်ရှိနေသည့် စာကြောင်းများကိုလည်း
ချန်မထားဘဲ အမြန်ဆက်ဖတ်သွားပါ၊ စာရေးသူများသည် ပထမ စာကြောင်းများတွင် ဆိုလိုရင်းကို
ဖော်ပြလေ့ရှိကြသည့်အတွက် ၎င်းက အကြောင်းအရာတစ်ခုလုံး၏ ဆိုလိုရင်းကို ခြုံငုံနားလည်စေနိုင်သည်။
စာဖတ်စဉ်တွင် စာလုံးအမည်းများ၊ စာလုံးစောင်းများ၊ မျဉ်းသားထားသော စကားလုံးများ တွေ့ပါက
ခဏရပ်ပါ၊ စာရေးသူပြောလိုသော အဓိကစကားလုံးများ ဖြစ်နိုင်ပါသည်။ အကြောင်းအရာတစ်ခုလုံးကို
ခြုံငုံနားလည် သောအခါ ကျန်သည့်စာပိုဒ်များတွင် အဓိက အချက်များကိုသာ ရွေးချယ်ဆက်ဖတ်ပါ၊
မလိုအပ်သည်များကို ကျော်ဖတ်ပါ၊ စာဖတ်စဉ်တွင် မျက်လုံးကို ဘယ်မှ ညာသို့ ရွေ့ပြီး အမြန်ဖတ်ပါ၊
မျက်လုံးကိုမရွေ့ တတ်လျှင် ဘောပင်၊ ခဲတံ (သို့မဟုတ်) လက်ညှိုးထောက်ပြီးလည်း ဖတ်နိုင်သည်။
အရေးကြီးသော စကားလုံးများ၊ စကားစုများကို သတိပြုမိပါစေ။ စာပိုဒ် တစ်ပိုဒ်စီတွင် ပါဝင်သော
အဓိက အကြောင်းအရာများကို တွေ့အောင် ကြိုးစားဖတ်ပါ၊ တစ်ခါတစ်ရံ အဓိကအကြောင်းအရာများသည် စာပိုဒ်၏အစတွင် သာမကဘဲ အလယ်၊
အဆုံးတွင်လည်း ပါရှိ တတ်ပါသည်။ တစ်ခါတစ်ရံ စာပိုဒ်တစ်ပိုဒ်လုံးတွင်ပင်လျှင် အဓိကအချက်များ
မပါဝင်တတ်ပါ။ နောက်ဆုံးစာပိုဒ်သည် စာရေးသူဆိုလိုချင်သော အကြောင်းအရာများ၏ အနှစ်ချုပ်၊
သုံးသပ်တင်ပြချက်များ ဖြစ်တတ်သောကြောင့် သတိထားပြီး အားလုံးကို ဖတ်သင့်ပါသည်။
စာအုပ်တစ်အုပ်ဖတ်လျှင်လည်း အထက်ဖော်ပြပါနည်းအတိုင်းပင်
စာရေးသူအမည်၊ စာအုပ်အမည် ကိုရွေးချယ်ပြီးလျှင် မာတိကာကို ဦးစွာဖတ်ပါ၊ အခန်းတစ်ခုစီတွင်
ပထမစာပိုဒ်များကို အနည်းငယ်စီဖတ်ပါ၊ မလိုအပ်သည်များကို ထားခဲ့ပြီး ဇာတ်လမ်း၊ အကြောင်းအရာ
အချိတ်အဆက်ကို နားလည်စေရန် အလယ်တွင် အနည်းငယ် ဆက်ဖတ်ပါ၊ ရုပ်ပုံအညွှန်းများပါလျှင် ၎င်းတို့ကို
ကြည့်ခြင်းဖြင့် ဆိုလိုရင်းကို လွယ်လွယ်ကူကူ နားလည် နိုင်သည်။ နောက်ဆုံးခန်းကို အနည်းငယ်ဆက်ဖတ်ကြည့်လျှင်
ဇာတ်သိမ်းခန်း (သို့) သုံးသပ်တင်ပြချက်ကို သိရပြီဖြစ်သောကြောင့် ယေဘုယျ ဇာတ်လမ်းသဘော၊
စာအုပ်၏ဆိုလိုရင်း နားလည်လျှင် လိုအပ်ချက်ကို ရွေးချယ်နိုင်ပြီ ဖြစ်သည်။ အဆင့်လိုက်
အားလုံးဖတ်ပြီး သောအခါ ဇာတ်လမ်း၊ စာအုပ်အပေါ် သုံးသပ်ချက်၊ အနှစ်ချုပ်၊ စာလုံးမည်းများ၊
စာလုံးစောင်းများ၊ မျဉ်းသားထားသော စကားလုံးများ၊ အဓိကအချက်များကို ပြန်လည်ဖတ်ရှုပြီး
ရရှိလိုက်သော အကြောင်းအရာများနှင့် ညှိနှိုင်းသုံးသပ်ပါ၊ တစ်ခါတစ်ရံ Skim လုပ်စဉ်တွင်
မျက်စိလျှမ်းပြီး ကျန်နေခဲ့သော အချက်အလက်များကို သုံးသပ်ချက်၊ အနှစ်ချုပ်များမှ ပြန်တွေ့နိုင်ပါသည်။
Skimming ဖြင့်ဖတ်သည်ဟု ဆိုသော်လည်း အကြောင်းအရာအားလုံးကို
skim လုပ်၍မရပါ၊ Skimming သည် သာမန် စာဖတ်နှုန်းထက် လျှင်မြန်စွာဖတ်ရသော်လည်း အကြောင်းအရာအားလုံးကို
အရှိန်(speed) အတူတူဖတ်၍ မရသည်ကို သတိထားပါ။ စာအုပ်၏ မိတ်ဆက်နိဒါန်း၊ နောက်ဆုံး သုံးသပ်ချက်၊
အဓိကအကြောင်းအရာများပါဝင်သော ဝါကျများ၊ မရင်းနှီးသော စကားလုံးများ၊ အနည်းငယ် ခက်ခဲရှုပ်ထွေးသော
စာကြောင်းများကို ဖတ်ရာတွင် စာဖတ်သည့် အရှိန်(speed) ကို အနည်းငယ် လျှော့ကာ ဖတ်သင့်သည်။
Skimming ကို စနစ်တကျ လေ့ကျင့်ဖတ်ရှုလျှင် စာအုပ်တစ်အုပ်၏ ဆိုလိုရင်းကို မြန်မြန်ဆန်ဆန်
နားလည်သဘောပေါက်နိုင်သောကြောင့် စာအုပ်များစွာကို အချိန်သက်သာစွာ ဖတ်ရှု နိုင်ပါလိမ့်မည်။
အင်္ဂလိပ်ဘာသာစကား လေ့လာသင်ယူသူများအားလုံး
အင်္ဂလိပ်စာဖတ်ရာတွင် တစ်ထောင့် တစ်နေရာမှ အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်လျှက် လက်ဆင့်ကမ်းမျှဝေ
လိုက်ပါသည်။
0 comments:
Post a Comment