Powered By Blogger

Saturday, July 20, 2013

“နေ့စဉ်ပြောကြား အင်္ဂလိပ်စကား



 Photo
ယခုတစ်ပတ်တွင် မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း များနှင့် တစ်စုံတစ်ရာ ပြုလုပ်ရန်အတွက်၊ ဖိတ်ခေါ်ခြင်း နှင့် တစ်စုံတစ်ယောက်၏ ဖိတ်ခေါ်မှုကို လက်ခံခြင်း၊ ငြင်းဆိုခြင်း စသည့် စကားပြောပုံစံများကို ဆက်လက် ရေးသား လိုက်ပါသည်။
“Inviting (ဖိတ်ခေါ်ခြင်း)”
-       Do you want to go to the movies tonight?
ဒီည ခင်ဗျား ရုပ်ရှင် သွားကြည့်ချင်လား 
-       Would you like to go to the theater tomorrow?
မနက်ဖြန် ခင်ဗျား ရုပ်ရှင်သွားကြည့် ချင်လား
-       Would you be interested in going to the stadium next Sunday?
နောက်တစ်ပတ် တနင်္ဂနွေနေ့ အားကစားရုံ သွားဖို့ ခင်ဗျား စိတ်ဝင်စားလား
-       How about going to the movies?
ရုပ်ရှင်သွား ကြည့်မယ်ဆို ခင်ဗျားဘယ်လို သဘောရလား
“Accepting invitations (ဖိတ်ခေါ်မှုကို  လက်ခံခြင်း)”
-       Sure. What time?
ရတယ်လေ၊ ဘယ်အချိန်လဲ
-       I'd love to, thanks.
သိပ်လာချင်တာပေါ့၊ ကျေးဇူးပဲ
-       That's very kind of you, thanks.
ခင်ဗျားက သိပ်ကြင်နာတတ်တာပဲ၊ ကျေးဇူးပဲ
-       That sounds lovely, thank you.
သိပ်ချစ်စရာကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ်။
-       What a great idea, thank you.
ကောင်းလိုက်တဲ့ အကြံဗျာ၊ ကျေးဇူးတင်ပါတယ်။
“Declining invitations (ချိန်းဆိုမှုကို ငြင်းဆိုခြင်း)”
-       I can't.  I have to work.
အဆင်မပြေဘူးဗျ၊ ကျွန်တော် အလုပ်ရှိတယ်။
-       This evening is no good.  I have an appointment.
ဒီညနေတော့ အဆင်မပြေဘူးဗျ၊ ကျွန်တော် ချိန်ထားတာလေး ရှိလို့ပါ။
-       That's very kind of you, but actually I'm doing something else this afternoon.
-       တကယ်ပါဗျာ ဒီနေ့ခင်း ကျွန်တော် လုပ်စရာလေး တစ်ခု ရှိလို့ပါ။
-       I'm really sorry, but I've got something else on.
တကယ်ကို စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ကျွန်တော် လုပ်စရာလေး ရှိလို့ပါ။
ဖိတ်ခေါ်ခြင်း၊ လက်ခံခြင်း၊ ငြင်းဆိုခြင်း စသည့် စကားပြော ပုံစံများ ပါဝင်သည့် နမူနာ ပုံစံကို လေ့လာကြည့်ပါ။
John and Marry are in a wedding party: (ဂျွန် နဲ့ မေရီတို့ နှစ်ယောက်ဟာ မင်္ဂလာ ပွဲတစ်ခုမှာပါ။)
John   :Do you want to dance?
           ခင်ဗျား က ချင်လား
Marry  :No thanks. I'm a bit tired right now
           နည်းနည်း ပင်ပန်းနေလို့ မကတော့ပါဘူး၊
John   :How about having a drink?
           ဒါဆို တစ်ခုခု သောက်ရင်ကော (ရော)
Marry  :Sure, I'd love to!
           ကောင်းတာပေါ့၊ ကျွန်တော် ကြိုက်ပါတယ်။
“အင်္ဂလိပ်ဘာသာစကား လေ့လာသူတိုင်း အင်္ဂလိပ်စာအရည်အသွေး တိုးတက်ပါစေ …………………”

0 comments:

Post a Comment