Powered By Blogger

Wednesday, July 10, 2013

အင်္ဂလိပ်စာ ဘယ်လိုရေးမလဲ အပိုင်း-၁


(စာရေးခြင်း အစီအစဉ်)
          စာရေးခြင်းသည် အလွန်သိမ်မွေ့ နက်ရှိုင်းသော အနုပညာတစ်ရပ်ဖြစ်သည်။ စာတစ်ပုဒ် မရေးမီ ရေးမည့် အကြောင်းအရာကို ဦးစွာစဉ်းစားရပါမည်၊ ၎င်းအကြောင်းအရာ အပေါ်မူတည်၍ ဖော်ပြမည့် ပုံစံကို ရွေးချယ်ရပါမည်။ ဖွင့်ဆိုပြအရေးအသား၊ သရုပ်ဖော်အရေးအသား၊ နှိုင်းယှဉ်ပြအရေးအသား၊ ကျိုးကြောင်းပြအရေးအသား၊ ဇာတ်ကြောင်းပြောအရေးအသား (ပြန်လည်ပြောပြသည့်ပုံစံ) အစရှိသည့် စာရေးနည်းပုံစံများ အမျိုးမျိုးရှိပါသည်။ စာရေးရာတွင် မရေးမီကြိုတင်စဉ်းစားခြင်း၊ ရေးသားခြင်း၊ တည်းဖြတ်ခြင်း နှင့် ပုံနှိပ်ခြင်း (သို့) တင်ပြခြင်း စသည့် အချက် ၄ ချက်ကို အစဉ်လိုက် အဆင့်ဆင့် စနစ်တကျဆောင်ရွတ်ရပါမည်။ စာပိုဒ်တစ်ခုတွင် အဓိကဖော်ပြလိုသည့် အကြောင်းအရာ ခေါင်းစဉ်၊ ခေါင်းစဉ်ကို ထောက်ပံ့ဖော်ပြပေးမည့် အကြောင်းအရာအသေးစိတ် နှင့် အဆုံးသတ်နိဂုံး များကို စာဖတ်သူ လွယ်လွယ်ကူကူ နားလည်နိုင်စေရန် စနစ်တကျရေးသား ဖော်ပြနိုင်ရပါမည်။
၁။ ကြိုတင်စဉ်းစားခြင်း
          စာပိုဒ်တစ်ပိုဒ်ကို စတင်မရေးသားမီ ရေးသားမည့် အကြောင်းအရာနှင့် ပတ်သက်၍ စဉ်းစားကာ စုစည်းပါ၊ မရေးသားမီ ကြိုတင်စဉ်းစားရာတွင် အဆင့် (၅) ဆင့် ခွဲကာ လေ့ကျင့်နိုင်ပါသည်။
(၁) ရေးသားမည့်အကြောင်းအရာကို သေသေချာချာစဉ်းစားပါ
(၂) ရေးသားမည့် အကြောင်းအရာနှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းပါ                
(၃) ကိုယ်ပိုင်စိတ်ကူးကို ချရေးပါ
(၄) စာပုဒ်တွင် အဓိက ပြောလိုသည့် ကြောင်းအရာကို ရွေးချယ်ပါ          
(၅) အဓိက အကြောင်းအရာကို ပိုမို ပေါ်လွင်စေမည့် အချက်အလက်များကို စုဆောင်းပါ
၂။ ရေးသားခြင်း
          စာပိုဒ်ကို စတင်ရေးသားခြင်းသည် မိမိ တင်ပြလိုသော အယူအဆကို ဝါကျ(စာကြောင်း)များ အဖြစ် ပြောင်းလဲရေးသားလိုက်ခြင်း ဖြစ်သည်။ စာရေးသားစဉ်တွင် ဆောင်ရွက်ရန် အဆင့်(၅) ဆင့် ရှိပါသည်။
(၁) စာအုပ် ကို ဖွင့်လိုက်ပါ၊ ကွန်ပျူတာဖြင့် ရေးပါက file ကို ဖွင့်လိုက်ပါ
(၂) နိဒါန်း၊ စာကိုယ်၊ နိဂုံး တို့ကို အစဉ်လိုက်ချရေးပါ (၎င်းတို့ကို ရေးသားစဉ်တွင် အထက်တွင်    ဖော်ပြခဲ့သော အစီအစဉ် အဆင့်ဆင့်ကို သတိထား ရေးသားပါ)
(၃) ဆိုလိုရင်း အဓိပ္ပာယ် ပေါ်လွင်စေရန် ရှင်းလင်းသော ဝါကျ ပုံစံများကို အသုံးပြုပါ
(၄) အဓိက အကြောင်းအရာကို စာဖတ်သူ သဘောပေါက်နားလည်စေရန် အာရုံစိုက်ပါ
(၅) မိမိ၏တင်ပြချက်ကို အထောက်အကူပေးနိုင်သည့် စာသားများ ထပ်မံဖြည့်စွက်ရန် အဘိဓာန်ကို အကူအညီယူပါ
၃။ တည်းဖြတ်ခြင်း
တည်းဖြတ်ခြင်း အဆင့်တွင် မိမိရေးသားထားသော စာပိုဒ်ကို ပြန်လည်စစ်ဆေးကာ လိုအပ်သည်များ ပြင်ဆင် ဖြည့်စွက်ခြင်းပြုလုပ်ရမည်။ အထူးသဖြင့် သဒ္ဒါ (Grammar)၊ စာလုံးပေါင်း(Spelling) အမှားများကို သတိထား စစ်ဆေးပြင်ဆင်ရမည်။
(၁) စာလုံးပေါင်း (spelling) ကိုစစ်ဆေးပါ (စာလုံးပေါင်း အမှားများသည် ဆိုလိုရင်းနှင့် လုံးဝ လွဲချော်သွား ပါလိမ့်မည်။)
(၂) သဒ္ဒါ (Grammar) ကို စစ်ဆေးပါ (ပြောစကား Spoken English တွင် သဒ္ဒါ မကိုက်ညီသည်များ ရှိတတ်သော်လည်း စာရေးသားရန်တွင် သဒ္ဒါ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရပါမည်။)
(၃) စာပိုဒ်ကို ထပ်ခါထပ်ခါ ပြန်လည်ဖတ်ရှုပါ
(၄) ကတ္တား(subject) နှင့် ကြိယာ(verb) ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပါ (ဥပမာ- subject အနည်းတွင် verb ကို 's/es' ပေါင်းထည့်ရမည် သိသော်လည်း ရေးသားရာတွင် he come. ဟု 's/es' ကျန်လေ့ ရှိပါသည်။)
(၅) ရေးသားထားသည့် Tense (ကာလ) နှင့် verb (ကြိယာ) ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးပါ
(၆) ရေးသားထားသော ဝါကျ တစ်ကြောင်းစီသည် ဆိုလိုရင်း အဓိပ္ပာယ် ပေါ်လွင်မှု ရှိ/မရှိ စစ်ဆေးပါ
(၇) ရေးသားထားသော စာပိုဒ်ကို စိတ်ဝင်စားဖွယ် ကောင်း/မကောင်း ကြည့်ပါ
၎။ ပုံနှိပ်ခြင်း(သို့) တင်ပြခြင်း
သက်ဆိုင်ရာသို့ ပေးပို့ တင်ပြရန် အတွက် ရေးသားထားသော စာပိုဒ်ကို နောက်ဆုံး အပြီးသတ်ရန် အတွက်  အဆင့်(၃) ဆင့်ရှိပါသည်။
(၁) ရေးသားထားသော စာပိုဒ်ကို စာချော ထုတ်ပါ
(၁) ဆရာ (သို့မဟုတ်) စစ်ဆေးမည့်သူ ထံ တင်ပြပါ
(၁) ၎င်းတို့ထံ မှ အရေးအသား တိုးတက်အောင် မည်သို့ ဆောင်ရွတ်ရမည်ကို အကြံဉာဏ် ရယူပါ
          မည်သည့် ကိစ္စတွင် မဆို မဆောင်ရွတ်မီ၊ ဆောင်ရွတ်ဆဲ၊ ဆောင်ရွတ်ပြီး အခြေအနေများနှင့် ပြန်လည်သုံးသပ်စစ်ဆေးခြင်း အဆင့်ဆင့်ကို စနစ်တကျ ပြုလုပ်နိုင်မှသာလျှင် ပြည့်စုံသော လက်ရာကောင်း (ဝါ) အလုပ်ကောင်း တစ်ခုဖြစ်လာမည် ဖြစ်ပါသည်။ သို့ပါ၍ စာရေးသားရာတွင် အထောက်အကူ တစ်ခုခု ပေးနိုင်ရန်ရည်ရွယ်လျှက် စာရေးခြင်း အစီအစဉ်ကို ရေးသားလိုက်ပါသည်။

1 comment:

  1. Harrah's Casino & Racetrack - Biloxi, MS - JM Hub
    Harrah's Cherokee Casino & 안산 출장샵 Racetrack locations, rates, amenities: expert Biloxi 김해 출장안마 research, only at Hotel 평택 출장샵 and 천안 출장안마 Travel Index. 경산 출장마사지

    ReplyDelete